Incredibles 2
2018 ‧ Family/Adventure ‧ 2h 6m
မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို ကမ္ဘာအနှံမှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။
တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတိုရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို စတန့် အစီအစဉ်တွေပါဝင်ဖို ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။
အဲဒါနဲ့ ဟယ်လန်ဟာ Elastigirl ဆိုတဲ့ စူပါဟီးရိုးနာမည် ဟောင်းနဲ့ပဲ ပါဝင်ဖို လက်ခံခဲ့ပါ တယ်။ ဝင်စတန်က ပါးမိသားစု အိမ်သစ်အထောက်ပံ့ပေးခဲ့ပြီး ဟယ်လန်စတန့်အစီအစဉ်အ တွက် သွားနေရင် အိမ်မှာကလေး တွေ ကြည့်ဖိုတာဝန်ကို ဘော့ဘ် က ယူခဲ့ရပါတယ်။
ကလေးတွေနဲ့ နေရင်း ဘော့ဘ်ဟာ အငယ်ဆုံးလေးဂျက် ဂျက်ဆီမှာ စူပါပါဝါမျိုးစုံရှိနေ တယ်ဆိုတာ သတိထားမိခဲ့ပါ တယ်။ ဘော့ဘ်ဟာ ဂျက်ဂျက်ကို စူပါဟီးရိုးအဝတ်အစားဒီဇိုင်နာ အက်ဒ်နာဆီ ခေါ်သွားခဲ့ပြီး ဂျက် ဂျက်ရဲ့ အစွမ်းတွေကို ကြည့်ရှုစေ ခဲ့ပါတယ်။
ဟယ်လန်ဟာ ဝင်စတန်ရဲ့ စူပါစတန့်အစီအစဉ်မှာ ပါဝင်နေ ရင်း မသင်္ကာစရာအခြေအနေ တစ်ခုကို သတိထားမိခဲ့ပါတယ်။ စူပါဟီးရိုးတွေကို အသုံးချပြီး ပြည်သူတွေကို အယူအဆလွဲမှား အောင် လုပ်နေတာမို လူထုကို သတိပေးဖို လုပ်နေတုန်း ဝင် စတန်ရဲ့ ညီမဖြစ်တဲ့ အီဗလင်းက ဟယ်လန်ကို ဒုက္ခပေးသလို ဘော့ဘ်နဲ့ လူစီရက်စ်တိုကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပါ တော့တယ်။
အဲဒါနဲ့ အက်ရှ်၊ ဗိုင်အိုလက် နဲ့ ဂျက်ဂျက်တို မောင်နှမသုံး ယောက်ကို အက်ဒ်နာက စူပါဟီး ရိုးဝတ်စုံတွေ စီစဉ်ပေးခဲ့ပြီး သူတို အဖေနဲ့ အမေကို ကယ်တင်ဖို ဒက်ရှ်တိုတစ်တွေ ကြိုးပမ်းခဲ့ပါ တယ်။ စူပါဟီးရိုးပေါက်စသုံး ယောက်က သူ့မိဘတွေကို ဘယ် လိုနည်းလမ်းတွေနဲ့ ကယ်တင်မှာ လဲ၊ Incredibles မိသားစုအနေနဲ့ အီဗလင်းတိုရဲ့ အဖျက်အမှောင့် အကြံအစည်ကို ဘယ်လိုတွေတုံ ပြန်မှာလဲ၊ စူပါဟီးရိုးတွေရဲ့ ဂုဏ် ပုဒ်ကို ပြန်အဖတ်ဆယ်နိုင်ပါ့ မလားဆိုတာတော့ ဆက်ကြည့် လိုက်ဦးနော်။
🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား Link ကိုနိပ်ပါ🗓
👑Channel Link
https://t.me/+fNZjMKbzHF5mZmM1
🖥ဇာတ်ကားကြည့်ရန် Link
https://t.me/c/2305672701/1813
