#ပုဇွန်ငါးဆုပ်ချဉ်ရေဟင်း 
 
 
 
 
ပုဇွန်ကျော့ 40 သားခန့်( အခွံခွာရွှံ့ချောင်းထုတ်ထား) 
 
ကန်စွန်းရွက် 1 စည်း ( ချွေ ထားပါ) 
 
ကြက်သွန်ဖြူ 4 မွှာခန် (ညက်အောင်ထောင်းကာ 
ငရုတ်ဆုံ ထဲတွင်အနည်းငယ်ချန်ထား၍ ပန်းကန်ဖြင့် 
ခတ်ထားပါ။ထို့နောက် ကြက်သွန်နီ 1 လုံးကို ပါ 
အနည်းငယ်ချန်ထားသော ကြက်သွန်ဖြူ နှင် 
ရောထောင်းပါ။ 
 
ပုဇွန်များကို ဆားteaဇွန်း တစ်ဝက် နနွင်းအနည်းငယ် 
သကြားအနည်းငယ်တို့ နှင့်ရောနယ်ကာ စက်ဖြင် ကျိတ် 
(သို့) နုတ်နုတ်စင်းထားပါ။ထို့နောက်ပန်းကန်ဖြင့် 
ခတ်ထားသောကြက်သွန်ဖြူကိုပါထည့်မွှေကာ အနေတော် 
အရွယ် အဆုပ်ကလေးများ ဆုပ်ထားပါ။ 
 
အိုးထဲသို့ ဆီအတန်အသင့်ထည့်ကာ ပုဇွန်ဆုပ်များ 
ထည့်၍ရွှေညိုရောင် သန်းလာအောင်ကြော၍ ပန်းကန် 
ဖြင့်ခတ်ထာ်းပါ။ 
 
ထိုနောက် အိုးထဲမှာ ဆီ အနည်းငယ်သာချန်ကာ ကျန်ဆီ 
များကို ခတ်ထားပါ။ထိုဆီအနည်းငယ်ထဲသ 
ို့ ထောင်းထားသော ကြက်သွန်ဖြူ၊နီ ကိုထည့်၊ငရုတ်သီး 
မှုန့် ဟင်းခတ်ဇွန်း 1 ဇွန်း ထည့်ကာ ဆီသတ်ပါ။ 
ပုဇွန်ဆုပ်ကြော်ထည့်ပါ။မန်ကျည်းမှည့်ရည် ဟင်းခတ်ဇွန်း 
5 ဇွန်းခန့် ထည့်ပါ။ငံပြာရည် ဟင်းခတ်ဇွန်း 1 ဇွန်းနှင့် 
အချို မှုန့် အနည်းငယ်၊သကြား အနည်းငယ် ထည့်ပါ။ 
အနံ့မွှေးလာရင် ရေ ပုဇွန် မြုတ်အောင်ထည့်ကာ 
အဖုံးအုပ်ပြီး ဆူပွက်အောင ထားပါ။် 
ထားပါ။ဟင်းဆူပွက်လာပါက အရသာမြည်း၍ 
ကန်ဇွန်းရွက်များထည့်ပါ။ထို့နောက် အဖုံးအုပ်ကာ 
3 မိနစ်ခန့် ထား၍ ချလိုက်လို့ရပါပြီ။