8 ပတ် - ဘာသာပြန်ပါ။

သမီးလေး ထင်သစ္စာရဲ့ လည်ပင်းအကြိတ်ခွဲစိတ်မှု အောင်မြင်လို့ ပျော်နေတဲ့ ခင်ဇာခြည်ကျော်🙏
ပရိသတ်အချစ်တော် သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးလေး ထင်သစ္စာဟာ ဘန်ကောက်မှာ လည်ပင်းအကြိတ် ခွဲစိတ်ခဲ့ရပါတယ်။ ပရိသတ်တွေ စိတ်ပူနေကြတဲ့အပေါ် ခင်ဇာခြည်ကျော်က သူမရဲ့သမီးလေး ခွဲစိတ်မှုအောင်မြင်ကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းကို လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေး ပြောကြားခဲ့ပါတယ်။
ဒီခွဲစိတ်မှုကိုတော့ ဘန်ကောက်မြို့ရှိ ဖရာထိုင်းဆေးရုံ (Phyathai Hospital) မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ သိရပါတယ်။ သမီးလေးအတွက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ခင်ဇာခြည်ကျော်က ပြောကြားထားပါတယ်။
သမီးလေး ထင်သစ္စာ မြန်မြန်ဆန်ဆန် ကျန်းမာလာပြီး ပုံမှန်အတိုင်း ပြန်လည်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

image