8 w - Translate

ကျောက်မဲမြို့ပေါ် လေယာဉ်နဲ့ ဗုံး ၂ကြိမ်ကြဲခံရ
ဇွန်လ ၃၀၊ ၂၀၂၄
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်က လေယာဉ်နဲ့ ဗုံး ထပ်ကြဲလို့ ထိခိုက်မှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ဘေးကင်း မကင်းဝောာ့ မသိဘူးဗျ။ အရေးပေါ် ကားတွေနဲ့တော့ လူနာတင်နေဝာာ တွေ့ရတယ်။ ဘယ်သူတွေထိလို့ ဘယ်သူတွေ ဘာဖြစ်လဲတော့ မသိဘူး။" လို့ ဒေသခံ အမျိုးသား တယောက်က ေပြာပါတယ်။
လေယာဉ်ဗုံးက ကျောက်မဲ ရှမ်းကျောင်းကြီး တောင်ဘက်ဘေး၊ ပင်ပေါလေး ဖိုးလမင်းလက်ဖက်ဆိုင်အရှေ့မှာ ကျရောက် ထိမှန်တာလို့သူက ပြောပါတယ်။
"ရှမ်းကျောင်း အုတ်ကျင်းရပ်ကွက်သွားတဲ့ လမ်းအပေါ်ဘက် သိမ်ကုန်းအတက်လမ်းနား။ ဘုန်းကြီးကျောင်း တော်တော်ထိသွားတယ်" လို့ ဒေသခံ အမျိုးသမီးတယောက်ကလည်း ပြောပါတယ်။
နေ့လည် ၂ နာရီခွဲခန့်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရတာ ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မူကြောင့် ကျောက်မဲမြို့၊ ပင်လုံလမ်းမ ရှိ နေအိမ်‌ေတွ၊ ရှမ်းကျောင်းကြီးစာသင်ကျောင်း၊ သိမ်ကျောင်း ထိမှန်ပျက်စီးမှု အများအပြား ရှိတယ်လို့‌ ပြောပါတယ်။
‌‌လူ ထိခိုက်မှု ၅ ‌ေယာက်ခန့် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပေမယ့် အတိအကျတော့ မသိရဘူးလို့ ဆိုပါတယ်။
ကျောက်မဲမြို့မှာ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ MiG-29 Fighter jet တစီး အရှေ့မြောက်အရပ် တံတားဦး လေတပ်သို့ ဆင်းသက်ခဲ့ကြောင်း NAS က သတင်းထုတ်ထားပါတယ်။
နစက နဲ့ နီးစပ်သူ တယောက်ကလည်း ကျောက်မဲမြို့ ၁ ရပ်ကွက် TNLA အုပ်ချုပ်ရေးရုံး လေကြောင်း ဗုံးကြဲ ချသွားကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာလည်း ကျောက်မဲမြို့ ရပ်ကွက် ၄ မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီး တဦးသေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ကာ ဇွန်လ ၂၄ ရက်ကလည်း စံပြထမင်းဆိုင်မှာလည်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက် ထက်မနည်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

image