#ရှမ်းဟင်းထုပ်
.........................
ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ ဟင်းထုပ်ကို ပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။ အချို့က ကြက်သွန်မြိတ်တစ်မျိုး သာအသုံးပြုပြီး အချို့က မုန်လာထုပ်၊ ငှက်ပျောဖူး၊ ကြက် သွန်ဖူး၊
ကြက်သွန်နီတို့ကို အသုံးပြုကြပါတယ်။ သက်သတ်လွတ်ဟင်းထုပ်ဖြစ်ပါတယ်။ အသားဖြင့်ပြုလုပ်လိုပါက မိမိနှစ်သက်ရာ အသားငါးတို့ဖြင့် ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
...................
ကြက်သွန်မြိတ် - ၁ဝ သား
ဆန်မှုန့် - ၁ဝ သား
ကော်မှုန့် (သို့) ကောက်ညှင်းမှုန့် - စားပွဲဇွန်း ၃ ဇွန်း
ဆီ - ၁ ဇွန်း
ချင်း၊ ကြက်သွန်ဖြူ - ဇွန်းတစ်ဝက်
ဟင်းခတ်မှုန့် - ၁ ဇွန်း
ဆား - လိုသလောက်
နနွင်းမှုန့် - အနည်းငယ်
ရေ - အနည်းငယ်
ငါးဟင်းထုပ်ပြုလုပ်ပါက ငါးအသားပြားထွင်ပြီးသား - လိုသလောက်
ငှက်ပျောဖက် - ထုပ်ရန်
တွဲဖက်စားသုံးရန်
............................
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်
ငရုတ်သီးကြော်
ပြင်ဆင်ပြုလုပ်နည်း
...........................
၁။ ဦးစွာ ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
၂။ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုတွင်ထည့်ပြီး ရေကို ဖြည်းဖြည်းချင်းထည့်ပြီးနယ် ပေးပါ။
၃။ ငှက်ပျောဖက်ကို မီးကင်ပြီး သန့်ရှင်းကာ ကတော့ပုံလုပ်ပြီး စပ်ထားသောမှုန့်နှစ်ကို ထည့်ပါ။ ငါးထည့်လိုကထည့်ပြီး လုံအောင်ပိတ်ပြီး ပေါင်းခံအိုးတွင်ထည့်ပြီး မီးပြင်း ပြင်းဖြင့် နာရီဝက်
ခန့်ပေါင်းပါ။
၄။ ဟင်းထုပ်ကျက်ပါက ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့ဖြင့် တွဲဖက်ပြီး ပူပူ နွေးနွေး သုံးဆောင်နိုင်ပါပြီ။
