ကမ်းလွန်ရေနံလုပ်ကွက်များအတွက် ယူအေအီးနိုင်ငံနှင့် ဆွေးနွေးခဲ့
*****************
(ပြည်တွင်း) ဇွန်လ ၂၆
စွမ်းအင်ဌာနဝန်ကြီး ဦးကိုကိုလွင်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်နှင့် နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ကမ်းလွန်ရေနံလုပ်ကွက်များအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာ-ယူအေအီး နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုအပြင် အကာအကွယ်ပေးရေး သဘောတူစာချုပ်ချုပ်ဆိုရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
နစက၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်မှာ မြန်မာမှ ယူအေအီးကို ရေထွက်ကုန်အဓိကထားတဲ့ ပို့ကုန်ဒေါ်လာသန်း ၅၀ ကျော် အထိရှိထားကြောင်းလည်း သိရပါတယ်။
