8 w - Translate

ကျောပြင်နဲ့ ဘရာကြိုးတစ်ဝိုက် အဆီများသော အမျိုးသမီးများအတွက်
ကျောပြင်မှာအဆီများပီး ပျော့တွဲ့နေတာက ကော်တီဆော (Cortisol) နဲ့ အင်ဆူလင်ခုခံအား (Insulin Resistance) ကြောင့်ပါ။ ဒီနေရာတတွေက လေ့ကျင့်ခန်းလုပ်တာတခုထဲနဲ့ မပျောက်ဘဲ ဟော်မုန်းမျှတမှုကသာ ပြင်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းကို သွယ်လျစေပြီး အဆီသိုလှောင်မှုကို ပြန်လည်ညှိနှိုင်းပေးမယ့် သဘာဝနည်းလမ်း ရ ခုကတော့-
၁။ ကျောပြင်နဲ့ ဘရာကြိုးတစ်ဝိုက်အဆီက ဟော်မုန်းဆိုင်ရာ အနီရောင်အချက်ပြမီးပါ။
ကော်တီဆော မြင့်မားတာနဲ့ အင်ဆူလင်ခုခံအားကြောင့် အဆီတွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို ရောက်လာတာပါ။ ဒါဟာ ကယ်လိုရီတစ်ခုတည်းမဟုတ်ဘဲ ကိုယ်တွင်းဓာတုဗေဒဆိုင်ရာ ကိစ္စပါ။
၂။ စိတ်ဖိစီးမှုကြောင့် ကော်တီဆော မြင့်တက်လာရင် အဆီသိုလှောင်မှုဖြစ်စဉ်ကို ဖြစ်စေပါတယ်။
နာတာရှည်စိတ်ဖိစီးမှုက ကော်တီဆောကို မြင့်တက်စေပြီး ကြွက်သားတွေကို ပျက်စီးစေကာ အဆီတွေကို ကျောအပေါ်ပိုင်းနဲ့ ခါးနေရာကို ပို့ဆောင်ပေးပါတယ်။
၃။ အိပ်ရေးမဝရင် အင်ဆူလင်ခံနိုင်ရည်ကို ထိခိုက်စေပါတယ်။
တညကို ၆ နာရီအောက် အိပ်တာ ၅ ညလောက်ပဲဆိုရင်တောင် ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာပြီး ကျော၊ ဗိုက်နဲ့ မျက်နှာတွေမှာ အဆီတက်စေပါတယ်။
၄။ ကာဘိုဟိုက်ဒရိတ်များတဲ့ မနက်စာအစား ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီကို စားပါ။
မနက်ပိုင်းမှာ အင်ဆူလင်ကို မြင့်တက်စေတာက သင့်ခန္ဓာကိုယ်ကို တစ်နေကုန် အဆီသိုလှောင်ဖို့ လေ့ကျင့်ပေးသလို ဖြစ်ပြီး အထူးသဖြင့် ကိုယ်ခန္ဓာဗဟိုပိုင်းမှာပါ။
၅။ အေရိုးဗစ်ထက် လေ့ကျင့်ခန်းတွေထက် ကြွက်သားအားဖြည့်ဝန်သုံးလေ့ကျင့်ခန်းတွေ(ဝိတ်မ)ခြင်းက ပိုကောင်းပါတယ်။
ကြွက်သားတွေက အင်ဆူလင်ခံနိုင်ရည်ကို ကောင်းမွန်စေပြီး ကော်တီဆောကို လျှော့ချပေးပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြန်မြန်ဆန်ဆန် ပုံသွင်းဖို့အတွက် Deadlifts, Rows, Presses လိုမျိုး Compound Lifts တွေကို အာရုံစိုက်ပါ။
၆။ Ashwagandha နဲ့ Rhodiola လို Adaptogens တွေက
ကော်တီဆောအဆင့်ကို သဘာဝအတိုင်း လျှော့ချပေးပြီး စိတ်ဖိစီးမှုအောက်မှာ အဆီစုဆောင်းတာထက် လောင်ကျွမ်းပေးဖို့ ကူညီပေးပါတယ်။
ရ။ နေ့စဉ် /အစာစားပြီးတိုင်းလမ်းလျှောက်ပါ။
၁၀ မိနစ်လောက်ပဲ လမ်းလျှောက်တာက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီး အင်ဆူလင်မြင့်တက်မှုကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်း အဆီခဲတွေရဲ့ ဟော်မုန်းဆိုင်ရာ အရင်းအမြစ်တွေကို တိုက်ရိုက်ပစ်မှတ်ထားဖြေရှင်းပေးပါတယ်။
ဒီအချက်တွေက ရိုးရှင်းတယ် ဒါပေမဲ့ အတော်လေး အာရုံစိုက်
ကြိုးစားရတယ်။ ဒါပေမဲ့ ရလာဒ်ကချိုမြိန်တယ်။ ဖြတ်လမ်းတွေ
ရှောင်နိုင်ပီး ကျန်းမာလှပကြပါစေဗျာ။
လေးစားလျက်-