အမြန်လမ်းမပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာမှ ခရီးသည် ၁၀ဦး ဒဏ်ရာရ
********************
(မှုခင်း) ဇွန်လ ၂၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၃ နှင့် ၇၀/၄ ကြားတွင် စက်ပျက်၍ရပ်ထားသည့် အဝေးပြေးခရီးသည်တင်ကား၏နောက်ပိုင်းကို အခြားခရီးသည်တင်ကားတစ်စီးက ဝင်တိုက်မိခဲ့မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ယနေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၃ နှင့် ၇၀/၄ ကြားတွင် စက်ပျက်၍ရပ်ထားသော YUTONG အဝေးပြေးခရီးသည်တင်ကား၏ အနောက်ပိုင်းအား SCANIA အဝေးပြေးခရီးသည်တင်ကားမှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် SCANIA အဝေးပြေးခရီးသည်တင်ကားပေါ်မှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေးငယ်(၁)ဦး(စုစုပေါင်း ၁၀ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

