#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပထမဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မိမိပိုင်နက်မှတစ်ဆင့် ဂျပန်စစ်ဘက်ပြုလုပ်
ဂျပန်နိုင်ငံသည် မြေပြင်မှရေပြင်ပစ် မြေပြင်မှရေပြင်ပစ်ဒုံးကျည် စမ်းသပ်မှုတစ်ရပ်ကို ဇွန် ၂၅ ရက်တွင် ဂျပန်ပိုင်နက် နယ်မြေပေါ်၌ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်စမ်းသပ်မှုတွင် ဂျပန်ပြည်စောင့်တပ်၏မြေပြင်တပ်ဖွဲ့သည် ပုံစံ-၈၈ အမျိုးအစားဒုံးကျည်တစ်စင်းကို ဟော့ကိုင်းဒိုးကျွန်းမှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာရေပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ သည်။
ဂျပန်စစ်တပ်သည် ပုံမှန်အားဖြင့်မြေပြင်မှရေပြင်ပစ် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများကို အမေရိကန်ပြည်ထောင်စု၏ စစ်စခန်းများ၌ ပြုလုပ်လေ့ရှိသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စု၌ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်မှုမှာကုန်ကျစရိတ်များပြားသည်ဖြစ်ရာ တစ်ခါ တစ်ရံ ပါဝင်သည့်တပ်ဖွဲ့ဝင်အရေအတွက်ကို ဂျပန်စစ် ဘက်က ကန့်သတ်ထားရလေ့ရှိသည်။
သို့ရာတွင် လက်ရှိနိုင်ငံတကာလုံခြုံရေးအခြေအနေများအရ မိမိတို့အနေဖြင့် ပြည်တွင်းမှာပင်ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်လိုကြောင်း ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီက ဇွန် ၂၅ ရက်တွင် ပြောကြားထားသည်။
ဇွန် ၂၄ ရက်တွင်ပြုလုပ်ခဲ့သော ပုံစံ-၈၈ ဒုံးကျည်စမ်းသပ်မှုမှာ အောင်မြင်မှုရှိခဲ့ရာ ဇွန် ၂၉ ရက်တွင်လည်း ပုံစံ-၈၈ ဒုံးကျည်စမ်းသပ်မှုတစ်ရပ် ထပ်မံလုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဂျပန်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
ရိုက်တာ
