အစိုးရလစာဆိုတာ အလုပ်မလုပ်ဘဲ ထုတ်စားဖို့
မဟုတ်ပါဘူး ။ ထိုက်တန်တဲ့ လုပ်အား ပြပြီးတော့ ယူပါ ။ ကျွန်တော် မေတ္တာရပ်ခံတာပါ ။
(ရိုးမပေါ်မှာကျတဲ့မျက်ရည်)
ကျောင်းဆရာတစ်ယောက်ရဲ့ လေးနက်တဲ့ ခံယူချက်နဲ့ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းသာ ဖော်ဆောင်ခဲ့တဲ့ တာ၀န်ကျေပွန်တဲ့ ကျောင်းဆရာတစ်ယောက် ။
ဉာဏ်အားဖြင့်တော့ မညံ့ဖျင်းနိုင်ပေမယ့် စိတ်ဓာတ်အားဖြင့် ညံ့ဖျင်းခဲ့သော ဆရာအဆက်ဆက် အုပ်ချုပ်ခဲ့ရာ ရှိန်းခါး ။
ထိုဆရာအဆက်ဆက် လက်ထက်မှသည် ကိုယ့်ကိုယ်ကျိုးကိုသာ ရှေးရှု၍ ကျောင်းလစာ အေးဆေးထုတ်ကာ တာ၀န်မကျေခဲ့သော ဆရာတစ်ချို့။
ပညာရေးလောကမှ အကျင့်ပျက်ခြစားသူများအား
ပေါ်ပေါ်ထင်ထင် မြင်တွေ့ရစေမည့် ရိုးမပေါ်မှာကျတဲ့ မျက်ရည် ။
တင်မောင်၀င်းဟာ ဒေသဖွံ့ဖြိုးရေးအတွက် ရှိန်းခါးကို တာ၀န်ချခံရတဲ့ ဆရာတစ်ယောက်ဖြစ်တယ် ။ ရှေ့ကျောင်းအုပ်ဆရာကြီးတွေ ကောင်းမှုကြောင့် ပညာရေးသာမက ဆရာတွေကိုပါ စိတ်ပျက်လျက်ရှိတဲ့ ရှိန်းခါးရွာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ ရွာရဲ့ ဆရာတွေအပေါ် အမြင်စောင်းမှုတွေကို ပြောင်းလဲပေးခဲ့သလို ဆရာတွေကိုလည်း လုပ်အားကို ထိုက်တန်သလောက် စိုက်ထုတ်စေခဲ့တယ် ။ ကျောင်းကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ဘယ်လို စီမံရမယ် ၊ ဘယ်လိုစည်းရုံးရမယ် ဆိုတာကို ထင်ထင်မြင်မြင် ရေးထားတယ် ။ ရွာရဲ့ ပညာရေးကတစ်ဆင့် လူမှုရေး ကိစ္စတွေမှာပါ တတ်နိုင်သလောက် ကူညီခဲ့တဲ့အတွက် ရွာက ဒီလို ဆရာမျိုးကို အလေးအနက်ထား သဘောကျလာတယ် ။ ကိုယ်ကျိုးမရှိဘဲ စေတနာနဲ့ စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးတတ်လို့ ရွာတစ်ရွာလုံးက လေးစားပြီး အလေးအနက်ထားခံရတဲ့ ဆရာတစ်ယောက်အကြောင်းကို လုံး၀မပျင်းရဘဲ ဖတ်ရမှာပါ ။
(On my point of view: ရုပ်ရှင်ထွက်လာတယ် ။ တင်မောင်၀င်းရဲ့ စွမ်းဆောင်ရည် နည်းနည်းပဲပါတယ် ။ အဲ့အပြင် ရွာက ရွာသူ မဖြူကို အတင်းလိုက်ပိုးနေတဲ့ပုံစံပေါက်တယ် ။ အဲ့နောက် မသန်စွမ်းတဲ့ မာလာရဲ့ကိုယ်၀န်ကိစ္စမှာ အလွှဲချခံရလို့ ခွေးလို ၀က်လို အဆက်ဆံခံရတဲ့အပြင် ကိုတိုးကပါ စကားပြန်ပြောဖို့အစား ရွံရှာစွာနဲ့ ထွီခနဲအထွေးခံရလိုက်သေးတယ် ။ ရုပ်ရှင်က ဆရာစရိုက်မပေါ်တော့ဘဲ ရွာသားစရိုက် ပေါ်သွားတယ် ။ ဒါပါပဲ ။ အဲ့နောက် စာအုပ်ပေါ်ထားတဲ့အမြင်လည်း လျော့ချင်သွားတယ် ။ ဒီတိုင်းကြီးပဲဆို အတော်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။)
စာအုပ်လေးရဲ့ မူရင်း စာအုပ်ကို အပြည့်အဝ ခံစားလိုသူများ စာအုပ်လေးကို ပြန်လည်မှာယူရရှိနိုင်ပါပြီရှင့် ။
Review by Sarah
#တင်ညွန့်
#ရိုးမပေါ်မှာကျတဲ့မျက်ရည်
