လွန်ခဲ့တဲ့ နှစ်​ထောင်​ပေါင်းများစွာကတည်းက ပညာ​ရှင်​တွေဟာ စကြဝဠာနဲ့ ပတ်သက်ပြီး အငြင်းအခုံများစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ စကြဝဠာဟာ ဘယ်လို ပုံစံနဲ့ တည်ရှိ​နေတယ်၊ ​အနီးစပ်ဆုံး ဖြစ်တဲ့ ​နေအဖွဲ့အစည်းဟာ ဘယ်လိုပုံစံနဲ့ ​ရွေ့လျား​နေကြတယ် ဆိုတာ​တွေဟာ သိပ္ပံပညာရှင်​တွေကို ​ခေါင်းစား​စေခဲ့ပါတယ်။
ကမ္ဘာဟာ စကြဝဠာရဲ့ အလယ်မှာ တည်ရှိ​နေတယ်။ ​နေနဲ့ တခြား​သော ဂြိုလ်​တွေဟာ ကမ္ဘာကို ဗဟိုပြုပြီး လှည့်ပတ်​နေကြတယ်။ ဒါဟာ စကြဝဠာ တည်ရှိ​နေပုံနဲ့ ပတ်သက်ပြီး အ​စောဆုံး ထွက်ရှိခဲ့တဲ့ အဆိုတစ်ရပ်ပါပဲ။ ဘီစီ ၁၀၀ နဲ့ ၁၇၀ အကြားမှာ ​​ပေါ်ထွန်းခဲ့တဲ့ ဂရိလူမျိုး၊ နက္ခတ္တ​ဗေဒပညာရှင် တိုလေမီ(Ptolemy) က စပြီး လက်ခံခဲ့ပါတယ်။
ကမ္ဘာဟာ စကြဝဠာရဲ့ ဗဟိုမှာ မ​ရွေ့မလျားဘဲ၊ တည်ရှိ​နေ​ကြောင်းကို ​Ptolemy က ယုံကြည်ခဲ့ပါတယ်။ ၁၆၆၀ ခုနစ်မှာ ​မြေပုံ​ရေးဆွဲသူ အန်ဒရီးယပ်စ်(Andreas) ဟာ Ptolemy ဆိုခဲ့တဲ့အတိုင်း စကြဝဠာတည်​နေပုံကို ပုံကြမ်း​ရေးဆွဲခဲ့ပါတယ်။ ဒီပုံကြမ်းမှာ ကမ္ဘာဟာ အလယ်တစ်​နေရာမှာ ရှိ​နေပြီး သူ့ကို တခြား​သော ဂြိုလ်​တွေ၊ ကြယ်​တွေက လှည့်ပတ်​နေကြပါတယ်။
ဒီစကြဝဠာတည်​နေပုံ မူကြမ်းပုံစံကို 'Geocentric Model' ၊ တစ်နည်းအားဖြင့် ကမ္ဘာဗဟိုပြုပုံစံငယ်(Earth-centred Model) လို့လဲ သိကြပါတယ်။ ယ​နေ့​ခေတ် အာကာသသိပ္ပံပညာရပ်မှာ​တော့ သူ့ကို 'Ptolemaic System' လို့ ​ခေါ်ပါတယ်။ ​ရှေးဂရိအ​တွေးအ​ခေါ် ပညာရှင်ကြီး အရစ်စတိုတယ်(Aristotle) ဟာလဲ ကမ္ဘာဟာ စကြဝဠာရဲ့ ဗဟိုဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ စကြဝဠာရဲ့ တည်ရှိမှုပုံစံကို ရှာ​ဖွေခဲ့တာ​တွေဟာ ဒီ​​မော်ဒယ်ပုံစံငယ် တစ်ခုတည်းနဲ့ မရပ်သွားပါဘူး။
Ptolemy က စကြဝဠာရဲ့ ဗဟိုဟာ ကမ္ဘာဖြစ်တယ်လို့ ဆိုခဲ့​ပေမဲ့၊ ရာစုနှစ် နှစ်ခု​လောက် ကြာတဲ့အခါမှာ​တော့ ဒီအဆိုဟာ တစ်မျိုး​ပြောင်းသွားခဲ့ပြန်ပါတယ်။ ပညာရှင် အရစ်စတာချတ်စ်(Aristarchus) ဟာ Ptolemy ရဲ့အဆိုကို အ​ခြေပြုပြီး ပိုပြီးကျယ်ပြန့်တဲ့ အိုင်ဒီယာတစ်မျိုးကို တင်ပြခဲ့ပါတယ်။ ကမ္ဘာဟာ စကြဝဠာရဲ့ ဗဟိုမှာ တည်ရှိ​နေတာ မဟုတ်ဘဲ၊ ကမ္ဘာနဲ့ တခြား​သော ဂြိုလ်​တွေဟာ ကြယ်လို့ ထင်မှတ်ရတဲ့ အရာတစ်ခုကို ဗဟိုပြုပြီး လှည့်ပတ်​နေတယ် ဆိုတာပါပဲ။ ပညာရှင်​တွေရဲ့ အဆိုပြုချက်များစွာနဲ့အတူ လူ​တွေကလဲ ဘယ်ဟာက အမှန်ဆိုတာကို ​ဝေခွဲမရ ဖြစ်ခဲ့ကြတာ​ပေါ့။
ငြင်းခုံမှုများစွာနဲ့ အတူ သိပ္ပံပညာဟာ ​ခြေလှမ်းများစွာကို ဆက်လှမ်းလာခဲ့ပါတယ်။ ၁၄၄၄ ခုနစ်မှာ စကြဝဠာသမိုင်းကို ​ပြောင်းလဲပစ်မဲ့ သူတစ်​ယောက် ထွက်လာခဲ့ပါတယ်။ သူက​တော့ နီကိုလပ်စ်​ ကော့ပါးနီးကပ်စ်(Nicholas Copernicus) ဖြစ်ပါတယ်။ နီကိုလပ်စ်ဟာ ကမ္ဘာက ​နေကို လှည့်ပတ်​နေတယ်လို့ အတွေးအခေါ်စတင်ဖော်လာခဲ့ပါတယ်။
ကမ္ဘာက ​နေကို လှည့်ပတ်​နေတယ် ဆိုတာဟာ အ​စောပိုင်းကာလ​တွေကတည်းက ငြင်းခုံမှု​တွေ ရှိခဲ့​ပေမဲ့၊ နီကိုလပ်စ်ဟာ ပ​လေတိုရဲ့ 'Uniform Circular Motion' စည်းမျဉ်း​တွေကို အသုံးပြုပြီး ခိုင်ခိုင်မာမာ ​ပြောဆိုခဲ့တဲ့ ပထမဆုံးသူ ဖြစ်ပါတယ်။ ၁၆ရာစုရဲ့ သိပ္ပံပညာ​တော်လှန်​ရေး အစလို့ပဲ ဆိုပါ​တော့။
နီကိုလပ်စ်ဟာ ကမ္ဘာကြီးကိုပါ ​ပြောင်းပြန်လှန်ခဲ့သလားပါပဲ။ ​၁၅၄၃ ခုနစ်မှာ Copernicus's Theory ကို အဆိုတင်သွင်းခဲ့ပါတယ်။ ​နေဟာ ဗဟိုမှာ ရှိ​နေပြီး ဂြိုလ်​တွေဟာ နံ​ဘေးက​နေ လှည့်ပတ်​နေကြတယ် ဆိုတာကို​ပေါ့။ နေကို ဗဟိုပြုတဲ့ ဒီပုံစံငယ်ကို​တော့ 'Heliocentrism' လို့ သိကြပါတယ်။
အဲ့ဒီကတည်းက စပြီး ကမ္ဘာ​ပေါ်မှာ Geocentrism ကို ယုံကြည်သူနဲ့ Heliocentrism ကို ယုံကြည်သူဆိုပြီး နှစ်မျိုး ကွဲသွားကြပါတယ်။ ဘယ်ဟာက အမှန်လဲ ဆိုတာကို ငြင်းခုံမှု​တွေ ပြုလုပ်လာခဲ့တာ ဂယ်လီလီယို ဂယ်လီလီ(Gelileo Galilei) ​ခေတ်ကို ​ရောက်လာခဲ့ပါတယ်။ ဂယ်လီလီယိုဟာ နီကိုလပ်စ်ရဲ့ Heliocentrism Model ကို ​ထောက်ခံအား​ပေးသူတစ်ဦးလဲ ဖြစ်ပါတယ်။
ဂယ်လီလီယိုဟာ နီကိုလပ်စ်သက်​သေပြဖို့ မပြီးဆုံးသွားတာကို အဆုံးသတ်​ပေးခဲ့ပါတယ်။ နေဟာ ဗဟိုဖြစ်တယ်ဆိုတဲ့အ​ကြောင်းကို စာအုပ်အမျိုးမျိုး၊ သက်​သေအဖုံဖုံ၊ တီထွင်မှုအစုံစုံနဲ့ အသည်းအသန် ကြိုးစား၊ ငြင်းခုံမှု​များစွာကို ပြုလုပ်ခဲ့ပါတယ်။ ခရစ်ယာန်ကျောင်းတော် ကလူတွေနဲ့ အငြင်းအခုံဖြစ်ကြပြီး နောက်ဆုံးမှာ ဂယ်လီလီယိုရဲ့ဟောကြားချက်တွေကို တားမြစ်ပြီး ဂယ်လီလီယိုကို အကျယ်ချုပ်နဲ့ အိမိမှာနေစေခဲ့ပါတယ်။
ဒါပေမယ့်လည်း အမှန်တရားဟာ ဖုံးကွယ်ထားလို့မရတာကြောင့် နောက်ဆုံးမှာ​တော့ လူ​တွေဟာ ​Heliocentrism ကို လက်ခံသွားခဲ့ကြပါတယ်။
သိပ္ပံပညာရဲ့ Geocentric Model နဲ့ Heliocentric Model နှစ်ခုအကြား တိုက်ပွဲက မ​သေးလှပါဘူး။ အ​ဖြေကို ရဖို့အတွက် ရာစုနှစ်များစွာ အချိန်ယူခဲ့ရပြီး ဒုက္ခများစွာကိုပါ ​ပေးဆပ်ခဲ့ကြရပါတယ်။ အခက်အခဲများစွာ၊ ​ဝေဖန်မှုများစွာ အကြားက၊ အမှန်တရားကို ရှာ​ဖွေဖို့ ကြိုးစားခဲ့ကြတဲ့ သိပ္ပံပညာရှင်​တွေက​တော့ ​လေးစားစရာပါပဲ။

imageimage
+4