8 w - Translate

နေပြည်တော်မှာ ပြုလုပ်တဲ့ PEACE FORUM 2025 ဒုတိယနေ့ ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ ဇွန်- ၂၆- ၂၀၂၅
SA(VOM)
နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းနဲ့ ရွေးကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ Peace Forum 2025 အခမ်းနားဒုတိယနေ့မနက်ပိုင်းမှာ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေက ဦးဆောင်ပြီး ဆွေးနွေးနေတာဖြစ်ပါတယ်။
ဆွေးနွေးမှု အခမ်းအနားကို အဖွဲ့ နှစ်ခုခွဲထားပြီး အဖွဲ့ ၁ မှာတော့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ၄ ဦး၊ ဒုတိယဝန်ကြီး ၁ ဦး၊ တပ်မတော်အငြိမ်းစားအရာရှိကြီး ၄ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦး၊ JMC အဖွဲ့ဝင် ၈ ဦး၊ DG များ ပါမောက္ခ ၁၁ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၃၄ ဦး၊ EAO အဖွဲ့အစည်းကိုယ်စားလှယ် ၈ ဦး၊ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်သူ ၉ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ ၂၃ ဦး၊ အသင်းအဖွဲ့တွေက ၆ ဦး၊ INGO- NGO ၇ ဦး၊ လေ့လာသူ ၆ ဦး စုစုပေါင်း ၁၂၁ ယောက်တို့ ပါဝင်ဆွေးနွေးနေတာဖြစ်ပါတယ်။
အဖွဲ့ ၂ မှာတော့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ၄ ဦး၊ တပ်မတော်အငြိမ်းစားအရာရှိကြီး ၄ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦး၊ JMC အဖွဲ့ဝင် ၉ ဦး၊ DG များ ပါမောက္ခ ၁၂ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၃၄ ဦး၊ EAO အဖွဲ့အစည်းကိုယ်စားလှယ် ၈ ဦး၊ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်သူ ၉ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ ၁၈ ဦး၊ အသင်းအဖွဲ့တွေက ၆ ဦး၊ INGO- NGO ၇ ဦး၊ လေ့လာသူ ၆ ဦး စုစုပေါင်း ၁၁၈ ယောက်တို့ ပါဝင်ဆွေးနွေးနေတာဖြစ်ပါတယ်။
နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းနဲ့ ရွေး ကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ Peace Forum 2025 အခမ်းနားကို ဇွန်လ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပါတယ်။

image