8 ပတ် - ဘာသာပြန်ပါ။

စိတ်ဝင်စားစရာကောင်းပြီး လူတိုင်းကြည့်သင့်တဲ့ အချစ်ဟာသ‌ကားလေး

All for Love (2005)

IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး
Hwang Jung Min တို ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု
တင်ဆက်ပေးချင်ပါတယ်…။


အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး
Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။

ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြိုရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို
ဖန်တီးထားတာဖြစ်ပါတယ် ..

ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တိုရဲ့အချစ်ဇာတ်လမ်း…။

ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တိုရဲ့ ဇာတ်လမ်း…။

စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့်
အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတိုရဲ့ အချစ်ဇာတ်လမ်း…။

ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်…။

အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊
ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်နဲ့
မတူညီတဲ့ဘဝပုံစံအမျိုးမျိုးကို ဇာတ်လမ်းတစ်ခုထဲမှာ ပေါ်လွင်အောင် ဖော်ပြထားလို
စိတ်ဝင်စားစရာကောင်းပြီး ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ခုပါပဲ…။

🧹⛈ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+9y03D5Xef-M4YjA9

⛈🧹ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2033798573/1769

image