#သက်ရင်းကြီး
✓မပျောက်နိုင်သောအနာအို အနာဟောင်းတွေကိုသက်ရင်းကြီးရွက်ကိုကြိတ်ပြီးအုံပေးရင်အနာအသားနုတက်ပြီးအမြန်ပျောက်စေပါတယ်။
✓သက်ရင်းကြီးရွက်နုနုကိုပြုတ်သုပ်စားမယ်ဆိုရင် ဝမ်းမှန် လေမှန်စေပါတယ်။
✓အမျိုးသမီးများသွေးလေမမှန်ပဲပိန်နေပါကသက်ရင်းကြီးမြစ်ကိုပျစ်ပျစ်သွေးပြီးဆားထည့်ကာနေ့စဉ်တစ်ရက်တကြိမ်သောက်ပါကသွေးလေမှန်ပြီးအလှတိုးစေပါတယ်။
✓သက်ရင်းကြီးမြစ်ကိုသံပုရာရည်နဲ့သွေးပြီးတနေ့တကြိမ်သောက်ပါကအညောင်းထိုင်များသူ လိပ်ခေါင်းရှိသူတွေများ အကြောတက်သူများအတွက်ကောင်းမွန်တဲ့နည်းကောင်းတခုဖြစ်ပါတယ်။
✓ချောင်းဆိုးခြင်းအတွက်သက်ရင်းကြီးရွက်နှင့်ခွေးသေးပန်းပင်သတ္ထု ရည်တဇွန်းစီရောပြီးတနေ့၃ကြိမ်ပုံမှန်သောက်ပါက လေနှင့်သလိပ်တို့ကြောင့်ဖြစ်တဲ့ချောင်းဆိုးခြင်းကိုပျောက် ကင်းစေပါတယ်။
✓သက်ရင်းကြီးရွက် ၊ဆား ၊မိဿလင်တို့ကိုထောင်းပြီးကြပ်ထုပ်ပြုလုပ်၍ထိုးပေးပါက ဒဏ်ကိုကျေစေပါတယ်။
✓သက်ရင်းကြီးအခေါက်ကိုထောင်းပြီးနှမ်းဆီဖြင့်ချက်ကာ ဒဏ်နာများ ရောင်တင်းခြင်းနှင့်အကြောရောဂါများကိုလိမ်းပြီးကြပ်ထုပ်ထိုးလျှင် ပျောက်စေပါတယ်။
✓ဝမ်းကိုက်ရောဂါဖြစ်ပါကသက်ရင်းကြီးရွက်သတ္ထုရည်တဇွန်း ခန့်တနေ့လ၃ကြိမ်ပုံမှန်သောက်ပေးလျှင် ပျောက်စေပါတယ်။
✓ ဝမ်းချုပ်ပြီး စမြင်းခံနေပါက သက်ရင်းကြီးမြစ်အမှုန့်နှင့်လငုသီးအနှစ် ရောပြီးအိပ်ရာဝင်.တိုင်းသောက်ပါက ဝမ်းသ်စေပြီးစမြင်းကျေစေပါတယ်။
✓ အနာအို အနာဟောင်းများမပျောက်နိုင်ပါက သက်ဒင်းကြီးရွက်နုနုနှင့်နမဏီသန်လျက်အရွတ်ထောင်းအုံပေးလျှင်အမြန်ပျောက်စေနိုင်ပါတယ်။
✓ အဖောရောဂါရှိသူုများသက်ရင်းကြီးမြစ်မှုန့်နှင့်ဆိတ်နံကြီးမြစ် အမှုန့်ရောစပ်ပြီးနံနက်/ညပုံမှန်သောက်ပေးပြီးသက်ရင်းကြီးရွက်ပြုတ်ရည်ရေးချိုးပေးပါက အမြန်ပျောက်ကင်းစေပါတယ်။
✓ ဖျားခြင်း အဆုတ်အအေးမိခြင်း အဆုတ်ပွခြင်းတို့အတွက်သက်ရင်းကြီးရွက်မှုန့်ကွမ်းရွက် သတ္ထု ရည်တဇွန်းပုံမှန် နံနက် နေ့ ည သောက်ပါက ပျောက်ကင်းစေပါတယ်။
✓ အသည်းကြီးခြင်း ရောင်ခြင်းအတွက်သက်ရင်းကြီးမြစ်မှုန့်နှင့်ချောင်းခြားမြစ်မှုန့်တို့ရောပြီးရှောက်ရည်နှင့်ဖျော်ကာနံနက် ည သောက်ပါက ပျောက်စေပါတယ်။
✓ မီးယပ်သွေးမမှန်ခြင်း ရာသီချိန်ကိုက်ခဲနာကျင်ခြင်းတို့အတွက်သက်ရင်းကြီးမြစ်အမှုန့်ကိုဝါးရွက်ပြုတ်ရည်နှင့်သောက်ပေးပါကသက်သာစေပါတယ်။
✓ အမျိုးသမီးများမီးယပ်ဖြူဘဆင်းခြင်း သားအိမ်မသန့်ရှင်းခြင်း ယောနိ၌အနာရှိခြင်းဖြစ်ပါကဘသက်ရင်းကြီးရွက် ပြုတ်ရည်ဖြင့်ဆေးပေးရ၏။
အမျိုးသမီးများသွေးဆုံးချိန်တွင်ဖြစ်ပေါ်သောသွေးဆုံး
မီးယပ်ရောဂါအတွက်
သက်ရင်းကြီးရွက်အမှုန့် ၁ ဆ။
ရှားစောင်းလက်ပပ်အနှစ် ၃ ဆနှင့်ရောကျိုပါ။
၎င်းနောက်ထန်းလျက် ၂ဆ။
မန်ကျည်း ၁ ဆ ထည့်ပြီးကျို ၍အအေးခံပြီးပျားရည်၂ဆ ရောမွှေပါ။
တနေ့ ၂ကြိမ်တခါသောက်ကော်ဖီဇွန်းတစ်းခန့်သောက်ပါ။

image