8 w - Translate

အတွေးဟာသိပ်ကိုအရေးကြီးတယ်......
ဖတ်ကြည့်နော်..

ငါကံဆိုးတယ်လို့
မတွေးပါနဲ့
ငါကံကောင်းနိုင်သေးတယ်လို့ပဲ....
တွေးပါ....

ငါ ဆင်းရဲတယ်လို့
မတွေးပါနဲ့။
ငါ ချမ်းသားနိုင်သေးတယ်လို့ပဲ
တွေးပါ...

ငါ အဆင်မပြေဘူးလို့
မတွေးပါနဲ့။
ငါ အဆင်ပြေနိုင်သေးတယ်လို့ပဲ
တွေးပါ....

ငါ မပျော်ရွှင်ရဘူးလို့
မတွေးပါနဲ့။
ငါ ပျော်ရွှင်ရလိမ့်အုံးမယ်လို့ပဲ
တွေးပါ....

စိတ်ဟာအင်မတန်မှတန်ခိုးကြီးပါတယ်။

စိတ်ထားလေးပဲပြင်လိုက်ပါ။
အတွေးတွေကိုလွန်စွာမတွေးပါနဲ့။

စိတ်ဆင်းရဲစေမည့်အတွေးတွေကို
အတိတ်မှာပဲထားခဲ့လိုက်ပါ။

ဘာဖြစ်လို့လည်းဆို့တော........

လှပတဲ့ဘဝဆိုတာ.......
လှပတဲ့အတွေးတွေကနေလာတာပါ။

တောက်ပတဲ့ဘဝဆိုတာ.......
တောက်ပတဲ့အတွေးတွေကနေလာတာပါ။

ငြိမ်းချမ်းတဲ့ဘဝဆိုတာ.......
ငြိမ်းချမ်းတဲ့အတွေးတွေကနေလာတာပါ။

အတွေးကနေ....
အပြောတွေ၊အလုပ်တွေ၊ဘဝတွေ၊
ဖြစ်လာတာပါ။

ဒါကြောင့်.....
အတွေးတွေကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။

သင့်အတွေးတွေက...
သင့်ကို...
ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်
လုပ္လို့ရသလို
သင့်ကို...
ပျက်စီးသွားအောင်လည်း
လုပ်လို့ရပါတယ်။

စိတ်ချမ်းသာအောင်၊အားတတ်နေအောင်
လုပ်နိုင်သလို....
စိတ်ဆင်းရဲအောင်
စိတ်ဓာတ်ကျအောင်လည်း
လုပ်နိုင်ပါတယ်။

ကောင်းတဲ့အတွေးအမြင်တွေကသာ

သင့်ကိုကောင်းတဲ့ဘဝဆီ
ခေါ်ဆောင်သွားမှာပါ။

image