ဒုတိယကမ္ဘာစစ်တုန်းက ဂျူဒီ (Judy) လို့အမည်ရတဲ့ ခွေးမလေးဟာ စစ်ပွဲအတွင်း တရားဝင် စစ်သုံ့ပန်း အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တစ်ဦးတည်းသော တိရစ္ဆာန်ဖြစ်ပါတယ် သတ္တိရှိမှု၊ သစ္စာရှိမှုနဲ့ လူသားတွေအပေါ် စောင့်ရှောက်မှုတွေကြောင့် ခွေးမလေး ဂျူဒီ (Judy) ဟာ နာမည်ကျော်ကြားခဲ့ပါတယ်
ဂျူဒီကို ၁၉၃၇ ခုနှစ်မှာ တရုတ်ပြည် ရှန်ဟိုင်း မှာ မွေးဖွားခဲ့ပြီး ဗြိတိသျှ တော်ဝင်ရေတပ် ရဲ့ သင်္ဘောတစ်စီးဖြစ်တဲ့ HMS Gnat ပေါ်မှာမွေးဖွားခဲ့ပါတယ် ၁၉၄၀ ပြည့်နှစ်မှာတော့ HMS Grasshopper သင်္ဘောပေါ်ကို ရောက်ရှိခဲ့ပြီး ဗြိတိသျှသင်္ဘောသားတွေနဲ့အတူ ပင်လယ်ပြင်ခရီးတွေကို လိုက်ပါခဲ့ပါတယ် ဂျူဒီ ဟာ သင်္ဘောသားတွေကြားမှာ အလွန်ချစ်ခင်မှုကို ရရှိခဲ့ပြီး သင်္ဘောပေါ်မှာ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်တဲ့အခါ ခိုအောင်းစရာနေရာတွေကို ရှာဖွေပေးခြင်းဖြင့် သင်္ဘောသားတွေကို ကူညီခဲ့တယ်လို့ ဆိုပါတယ်
၁၉၄၂ ခုနှစ် စင်္ကာပူ ကျဆုံးပြီးနောက်မှာတော့ ဂျူဒီဟာ သင်္ဘောသားတွေနဲ့အတူ ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စစ်သုံပန်းဘဝကို ရောက်ရှိခဲ့ပါတယ် သူတို့ကို စူမားတြားကျွန်း မှာရှိတဲ့ ထောင်တစ်ခုကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီနေရာမှာဘဲ ခွေးလေး ဂျူဒီ ဟာ အခြားသော စစ်သုံ့ပန်းတွေနဲ့အတူ မကြုံစဖူး ခက်ခဲတဲ့ဘဝကို ရင်ဆိုင်ခဲ့ရပါတယ်
ဒီခက်ခဲတဲ့ ကာလတွေမှာ ဂျူဒီဟာ သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို အသက်ကယ်တင်ပေးခဲ့တဲ့ လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ပါတယ်
ဂျပန်စစ်သားတွေက စစ်သုံပန်းတွေကို နှိပ်စက်ညှဉ်းပန်းတဲ့အခါ ဂျူဒီဟာ သူတို့ကို ကာကွယ်ဖို့အတွက် ဟောင်ခြင်း၊ ကိုက်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ် သူ့ရဲ့ ရဲရင့်တဲ့ လုပ်ရပ်တွေကြောင့် ဂျပန်စစ်သားတစ်ချို့ဟာ ဂျူဒီကို သxတ်ပစ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ လွတ်မြောက်ခဲ့ပါတယ်
ဂျူဒီရဲ့ ထူးခြားတဲ့ သစ္စာရှိမှုကြောင့် ထောင်ထဲက ဗြိတိသျှ အရာရှိတစ်ဦးဖြစ်တဲ့ Frank Williams က ဂျပန်အာဏာပိုင်တွေကို ဂျူဒီ အားတရားဝင် စစ်သုံပန်းအဖြစ် မှတ်ပုံတင်ပေးဖို့ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက် ရခဲ့ပါတယ် ဒါဟာ သမိုင်းမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ခွေးတစ်ကောင် ကို စစ်သုံ့ပန်းအဖြစ် မှတ်ပုံတင်ခံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပါ
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်မှာတော့ ၁၉၄၅ ခုနှစ်မှာတော့ ဂျူဒီ ဟာ Frank Williams နဲ့အတူ ဗြိတိန်ကို ပြန်သွားနိုင်ခဲ့ပါတယ် ဗြိတိန်ကို ရောက်တဲ့အခါမှာတော့ ဂျူဒီရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ တိရစ္ဆာန်တွေအတွက် အမြင့်မြတ်ဆုံး ဂုဏ်ပြုဆုတံဆိပ်ဖြစ်တဲ့ Dickin Medal ကို ၁၉၄၆ ခုနှစ်မှာ ချီးမြှင့်ခဲ့ပါတယ် ဒီဆုကို "တိရစ္ဆာန် ဗစ်တိုးရီးယား ကြက်ခြေနီဆု" လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ် ၁၉၅၀ ပြည့်နှစ်မှာတော့ ဂျူဒီဟာ ကွယ်လွန်ခဲ့ရပါတယ်
#knowledge #ဗဟုသုတ
