9 w - Translate

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ DNA လေ့လာမှု တစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀,၀၀၀ ခန့် တုန်းက အစောပိုင်းလူသားတွေဟာ ဆိုရွားတဲ့လူဦးရေ ကျဆင်းမှု (population bottleneck)ကို ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ် ဒီလေ့လာမှုအရ ဒီနေ့ခေတ် လူသားတွေရဲ့ ဘိုးဘေးဘီဘင် လူဦးရေဟာ ၁,၂၈၀ ဦးအထိ နည်းပါးသွားခဲ့တယ် လို့ ခန့်မှန်းထားပါတယ် ဒါဟာ လူသားမျိုးနွယ် တစ်ခုလုံး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့တဲ့ အခြေအနေတစ်ခုပါပဲ
ဒီလိုမျိုးသုဉ်းလုနီးပါး ဖြစ်ရပ်ဟာ နှစ်ပေါင်း ၁၁၇,၀၀၀ ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ် ဒီလိုမျိုး လူဦးရေ အကြီးအကျယ် ကျဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်
#knowledge #ဗဟုသုတ

image