9 w - Translate

Ken Allen လို့အမည်ရတဲ့ လူဝံတစ်ကောင် ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုတိရစ္ဆာန်ရုံ မှာ နေထိုင်ခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ဉာဏ်ရည်နဲ့ ထွက်ပြေးလွတ်မြောက်မှုတွေကြောင့် တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ကြားခဲ့ပါတယ်
သူ့ကို ‘’အမွေးထူ ဟူဒီနီ" လို ချစ်စနိုး နာမည်ပြောင်ပေးခဲ့ကြပါတယ် ဘာကြောင့်လဲဆိုတော့ သူဟာ သူ့ရဲ့ လှောင်အိမ်ကနေ အကြိမ်ကြိမ် ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းတွေ နဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေဟာ သူ့ကို ဘယ်တော့မှ ထွက်ပြေးနေစဉ်အတွင်းမှာ လက်ပူးလက်ကျပ် မိခဲ့ခြင်း မရှိခဲ့လိုပါ သူဟာ သူ့ရဲ့ ထွက်ပြေးလမ်းကြောင်းတွေကို ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး ဒါဟာ သူ့ရဲ့ ဉာဏ်ရည် မြင့်မားမှုနဲ့ လိမ္မာပါးနပ်မှုကို ဖော်ပြနေပါတယ်
လွတ်မြောက်လာတဲ့အခါမှာလည်း Ken Allen ဟာ တခြား လူဝံ တွေလို တိရစ္ဆာန်ရုံထဲမှာ မဆိုးသွမ်းခဲ့ပါဘူး သူဟာ အေးအေးဆေးဆေးဘဲ တိရိစ္ဆာန်ရုံထဲမှာ လျှောက်သွားနေခဲ့ပြီး တစ်ခါတစ်လေဆိုရင် အလည်အပတ်လာတဲ့ ဧည့်သည်တွေနဲ့အတူ တခြားတိရစ္ဆာန်တွေကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်ရှုလေ့လာနေတတ်ပါတယ် သူ့ရဲ့ ဒီလိုတည်ငြိမ်တဲ့ အပြုအမူတွေကလည်း သူ့ကို နာမည်ကျော်စေခဲ့ပါတယ်
သူဟာ ယေဘူယျအားဖြင့် ငြိမ်သက်ပြီး ဖော်ရွေတတ်ပေမဲ့ သူ့မှာ ဆိုးသွမ်းတဲ့ အချက်တစ်ချက်လည်း ရှိခဲ့ပါတယ် အဲ့တာကတော့ တစ်ခြား သူကြည့်မရတဲ့ လူဝံ တစ်ကောင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာဖြစ်ပါတယ် ဒါတွေကြောင့်ဘဲ Ken Allen ဟာ လူတွေရဲ့စိတ်ဝင်စားမှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image