3 w - Translate

ONE စင်မြင်ထက်မှာ တွေ့ရနိုင်တဲ့ နောက်ထပ်မြန်မာဖိုက်တာ (သို့) ရဲရင့်နောင်
-----------
ရဲရင့်နောင် က ONE Friday Fights စင်မြင့်ထက် တက်လှမ်းဖို့ အလားလာတွေ ရှိနေတယ်လို့ ကြားနေတဲ့ သတင်းတွေကတော့ ကြာပါပြီ။
သူကိုယ်တိုင်လဲ အတော်လေး ကြိတ်ကြိုးစားနေသလို ၊ မနေ့က ပွဲဆိုရင် ပထမချီနဲ့ အလဲထိုးပြီး နိုင်ပွဲရယူခဲ့တဲ့ အကြောင်းကိုတောင် စတေးတပ်တင်ခဲ့သေးပါတယ်။
ဒီကနေ့မှာတော့ သူ့ရဲ့ နည်းပြဆရာ ကိုယ်တိုင်က "မကြာခင် ONE Lumpinee" မှာ တွေ့ကြမယ်ဆိုပြီး စတေးတပ် ရေးလိုက်ပါပြီ။
ဒါ့ကြောင့် အတော်လေးကို သေချာသလောက် ဖြစ်နေပါတယ်။
ကြားထဲမှာ ဘာအဖုထစ်မှ မရှိပဲ ပွဲဖြစ်ကြဖို့ပဲ မျှော်လင့်မိပါတယ်။
တကယ်လို့ ရဲရင့်နောင်သာ ONE Friday Fights စင်မြင့်ထက်ရောက်မယ်ဆိုရင် ထိုင်းဘက်ကနေ ကြိုးစားနေကြတဲ့ မြန်မာဖိုက်တာတွေ အတွက်တော့ နောက်ထပ် မှီငြမ်းရမယ့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသလို ဖြစ်မှာပါ။
အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ ညီငယ်ရေ.............🤜🤛

image