1 w - Translate

#congratulations
ငယ်ငယ်ရွယ်ရွယ်နဲ့ စာချုပ်ကြီး ကမ်းလှမ်းခံရတဲ့ Yonis Anane
👏👏👏👏👏
နာဘီးလ် ရဲ့ ညီ Yonis Anane ကို ONE Championship က စာချုပ်ကြီး ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း Venum Training Camp ရဲ့ ပဲ့ကိုင်ရှင် မက်ဒီ ဇာတု က ဒီကနေ့မှာပဲ တရားဝင် ကြေငြာလိုက်ပါပြီ။
ချာတိတ်လေးက အခုမှ ၁၇ နှစ်ပဲ ရှိသေးတာပါ။ ONE Championship စင်မြင့်ထက် ကန့်လန့်ကာတောင် မဖွင့်ရသေးပါဘူး။ ဒါပေမယ့် ပရိုမိုးရှင်းဘက်က သူ့ကို ယုံကြည်မှု အပြည့်၀ထားပုံ ရပါတယ်။
ရှေ့မှာ အစ်ကိုလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ပြထားတယ် ၊ ဘေးက ဝန်းရံထားတဲ့ နည်းပြ/မန်နေဂျာကလဲ အမျှော်မြင်ကြီးတဲ့သူဆိုတော့ ပရိုမိုးရှင်းဘက်က တန်းပြီးကို စာချုပ်ချုပ်တာပါ။
စာချုပ်ကြီးလို့ ဘာလို့ပြောရတာလဲ ဆိုရင် ပုံကို ကြည့်ရုံနဲ့ သိသာပါတယ်။ ONE Friday Fights စာချုပ်လို စာမျက်နှာနည်းနည်းလေး မဟုတ်ပါဘူး ၊ စာမျက်နှာတွေ အများကြီးနဲ့မို့ကို စာချုပ်ကြီးလို့ ပြောနိုင်တာပါ။
မာဒီဇာတု ကလဲ ဒီအကြောင်းရာနဲ့ ပတ်သက်လို့ အခုလို ဖွင့်ဟသွားခဲ့ပါတယ်။
" အရမ်းကို ဂုဏ်ယူမဆုံး ဖြစ်မိတဲ့ အခိုက်တန့်တစ်ခုပါပဲ။
ဒီကနေ့မှာ ကျနော့်ရဲ့ ညီလေး Yonis Anane ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပရိုမိုးရှင်းဖြစ်တဲ့ ONE Championship နဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါပြီ။
အချိန်တွေယူပြီး ပြင်ဆင်တယ် ၊ တစ်ဆင့်ချင်းသွားတယ် ၊ ဖြတ်လမ်းဆိုတာ မရှိလို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်း လျှောက်ခဲ့တာပါ။
Yonis Anane ကျနော့်ဆီကို ရောက်လာတော့ ၁၀ နှစ်တောင် မပြည့်သေးပါဘူး။ အဲဒီ ကတည်းက အိပ်မက်တစ်ခုကို အကောင်ထည်ဖော်ဖို့ ယုံကြည်မှုအပြည့်နဲ့ မဆုတ်မနစ် ဆက်တိုက်ကြိုးစားခဲ့တာပါ။
ဒီမျိုးဆက်သစ်တွေ အပေါ်ကို ယုံကြည်မှုပေးတဲ့ ဥက္ကဌကြီး ချတ်ထရီကိုလဲ ကျေးဇူးတင်ပါတယ်။
Yonis Anane ဟာ နာဘီးလ် ရဲ့ ညီပါ။ အခုတော့ ONE Championship ခေါင်းစဉ်အောက်မှာ အတူတူ ဖြစ်လာခဲ့ပါပြီ။ ညီအစ်ကိုနှစ်ယောက် ၊ လမ်းကြောင်းတစ်ခုတည်း ၊ ရည်မှန်းချက်တူတယ် ၊ ဒီအချက်တွေနဲ့တင် အဓိပ္ပါယ်တွေ အများကြီး ရှိနေပါပြီ။
သူတို့အတွက် ဂုဏ်ယူတယ်ဗျာ။ အခုမှ ခရီးက အစပဲရှိသေးလို့ အကောင်းဆုံး ဆက်ပြီး လျှောက်လှမ်းသွားမှာပါ" လို့ ရေးသားသွားခဲ့ပါတယ်။
👏👏

image