❝ မိန်းမများ၏ အတွင်းစိတ်ကို ရေးရာတွင်
ထိုမျှအတွင်းကျသော စာအုပ်မျိုးကို
ကျွန်တော် တစ်ခါမျှ မဖတ်ဖူးသေး။
သူ့စာအုပ်သည် မိန်းမတို့၏ လျှို့ဝှက်ချက်
မှန်သမျှကို ဖွင့်ပြသွားသကဲ့သို့ ရှိသည်။
အိမ်တွင် အစ်ကိုများ၊ မောင်များ၏
အနိုင်ခံရသော မိန်းကလေး၊
စိတ်ကူးတိမ်တိုက်တွေကို စီးကာအိပ်မက်
တိုင်းပြည်သို့သွားနေသော အပျိုဖော်ဝင်စ၊
လောကအကြောင်းကို အနည်းနှင့်အများ
နားလည်စပြုလာသော အပျိုစင်၊
အချစ်ဖြင့် ရွှန်းလဲ့ဝင်းပနေသောချစ်သူ၊
လွတ်လွတ်လပ်လပ်နေချင်နေသော မိန်းမ၊
ယောက်ျားလျာ၊ ပြည့်တန်ဆာမ၊
အိမ်ထောင်ရှင်၊ မြေးတို့၏အဘွား စသည်ဖြင့်
မွေးလာသည်မှ သေသည်အထိ၊
နုနယ်ပျိုမျစ်ရွယ်မှ
ဆံဖြူသွားကြွေရွယ်အထိ မိန်းမတို့၏
အတွင်းစိတ်ကို စေ့စပ်စွာ ရေးပြသွားသည် ❞
× ×
• မြသန်းတင့် •
▪️မိန်းမတို့အကြောင်း▪️
