ကမ္ဘာကျော် ပြောက်ကျားခေါင်းဆောင်
အာနက်စတို ချေဂွေ ဗားရား၏
ဘဝအတ္ထုပ္ပတ္တိပင် ဖြစ်ပါသည်။
ချေဂွေဗားရားသည်
ကျူးဘားပြည် လက်နက်ကိုင်တော်လှန်ရေး
ကာလ အတွင်းကလည်းကောင်း၊
ကျူးဘားပြည် ဆိုရှယ်လစ်စနစ်
တည်ဆောက်ရေး ကာလအတွင်းကလည်းကောင်း ၁၉၅၉-၆ဝ ခုနှစ်လောက်ကစ၍ ထင်ရှား
ကျော်ကြားသူတစ်ဦးဖြစ်ခဲ့သလို
၁၉၆၅ ခုနှစ်တွင် ကျူးဘားပြည်မှ
ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီးသည့်
နောက်တွင်လည်း သူ ဘယ်ရောက်နေသည်
ဟူသော ပြဿနာကို အကြောင်းပြု၍
ကမ္ဘာ့နိုင်ငံအသီးသီးက အာရုံစိုက်ခြင်း
ခံခဲ့ရသူ တစ်ဦး ဖြစ်ပါသည်။
ယင်းသို့ ၂ နှစ်ကျော်မျှ
ပျောက်ကွယ်နေခဲ့ရာမှ မမျှော်လင့်ဘဲ
၁၉၆၇ ခု အောက်တိုဘာလအတွင်းက
ဘိုလီးဗီးယားပြည် တောတွင်းတစ်နေရာ၌
တိုက်ပွဲ ဖြစ်ပွား၍ ကျဆုံးသွားခဲ့ရာ
သူကျဆုံးသော သတင်းသည်
ကမ္ဘာတစ်ခု လုံးသို့ ဂယက်ရိုက်သွားခဲ့ရပါသည်။
အသက်ထင်ရှားရှိစဉ်က
သူ၏ ထက်မြက်သည့် အတွေးအခေါ်များနှင့်
ဂုဏ်ရောင်ပြောင်သည့် တိုက်ပွဲများကြောင့်
ထင်ရှားကျော်ကြားခဲ့သော
ချေဂွေဗားရားသည် သူ မကျဆုံးမီက
ရေးသားခဲ့သည့် သူ၏ “နေ့စဉ်မှတ်တမ်း”ကို အကြောင်းပြု၍ ကျဆုံးပြီးသည့်
နောက်ပိုင်းတွင် သူ့ဘဝ အတ္ထုပ္ပတ္တိ
ဇာတ်ကြောင်းသည် ပို၍ စိတ်ဝင်စားစရာ
ကောင်းလာခဲ့ပါသည် ။
▫️စာရေးသူ၏အမှာစာ / မှ
