နောက်တစ်ပတ်ထဲမှာ မိတ်ဆက်တော့မယ့် Honor Magic V5 ရဲ့ အထူ ခေါက်ထားရင်တောင် 8.8mm ပဲရှိမယ်လို့ ဖော်ပြလာပါတယ်။ ကမ္ဘာ့အပါးဆုံးဆိုပြီး သူ့ရှေ့က ထွက်ခဲ့တဲ့ Honor Magic V3 တောင်မှ 9.3mm ရှိခဲ့တာကိုး။ Oppo Find N5 ကတော့ 8.9mm အထူဆိုတော့ Honor Magic V5 က နည်းနည်းလေးပိုပါးသွားမယ်ဆိုတဲ့သဘော....
Samsung နဲ့ Apple ကျေးဇူးကြောင့် ဘယ်လောက်ပါးပါး ဘတ်ထရီကို ထရော်မာရနေတဲ့ကာလဆိုပေမဲ့ Honor တို့ကတော့ ပါးလည်းပါးပေမယ်၊ 6100mAh Battery လည်း ထည့်ပေးသွားမယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။ သေချာတာကတော့ အာ့လောက်မများနိုင်တောင် အာ့လောက်နီးပါးပါလာမှာပါ။
Honor Magic V5 ကို အရောင် ၄ ရောင်ရွေးနိုင်မယ်။ Ram 16GB အထိ ပါဝင်မှာဖြစ်ပြီး Storage 1TB အထိ ရနိုင်ပါမယ်။ Snapdragon 8 Elite Chips, IPX8-rating, 6.45-inch LTPO OLED cover screen နှင့် 8-inch 2K inner display တို့နဲ့ဖြစ်မယ်။
