"ခရစ်တီယာနိုအပေါ်မှာ ကျွန်တော်ရဲ့လေးစားမှုကအပြည့်အဝရှိပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုတွေများစွာရခဲ့သလို အခုအချိန်ထိလည်း အမြင့်ဆုံးအဆင့်မှာကစားနေပြီး အောင်မြင်မှုတွေရယူနေတုန်းပါပဲ။ သူနဲ့အတူကွင်းထဲမှာ ပြိုင်ဆိုင်မှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့က ကိုယ့်အသင်းအတွက် အကောင်းဆုံးလုပ်ခဲ့ကြတာလေ။ ဒါကြောင့်မလို့ ကွင်းပြင်ပမှာဒီလိုပြိုင်ဆိုင်မှုတွေ သူနဲ့ကျွန်တော့်ကြားရှိမနေပါဘူး။
ကွင်းပြင်ပမှာဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံးက သာမန်လူတွေပါပဲ။ အချိန်တွေအတူတူ မကုန်ဆုံးခဲ့ကြလို့သာ သူငယ်ချင်းတွေမဖြစ်ခဲ့ကြပေမယ့် ကျွန်တော်တို့တွေဆုံတိုင်း အချင်းချင်းအပြန်အလှန်လေးလေးစားစားနဲ့ ဆက်ဆံလေ့ရှိကြပါတယ်"
မက်ဆီ 🗣️
ပေါ်တိုအသင်းကို အနိုင်ရခဲ့တဲ့ Club World Cup ပွဲစဉ်အပြီးမှာ ခရစ်တီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီး မက်ဆီကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
