ဂျိုဘီဘယ်လင်ဟမ်ကတော့ သူ့အစ်ကို ဂျုဒ်ဘယ်လင်ဟမ်လိုမျိုး ဖြစ်လာတော့မလားပဲ။ ဒေါ့မွန်အတွက် ခြေစွမ်းပြနေပြီဖြစ်ပြီး ညကပွဲမှာ တဂိုးသွင်း၊ အကောင်းဆုံးကစားသမားဆုပါ ရသွားတယ်။ ကစားဟန်၊ ကစားပုံကတော့ သူ့ အစ်ကိုနဲ့ တော်တော်လေးကို ဆင်တူနေခဲ့တာပါ။
လှည့်ထွက်တဲ့ပုံစံတွေ၊ လိမ်ခေါက်တာတွေက ဘယ်လင်ဟမ်နဲ့ တထေရာတည်းပဲ။ သူ့အစ်ကိုက ဘာမင်ဂမ်ကနေ ဒေါ့မွန်ဆီပြောင်းပြီး ကျော်ကြားခဲ့သလို သူကလည်း ဆန်းဒါးလန်းကနေ ရောက်လာတာပါ။ ညီအကိုနှစ်ယောက်စလုံးအတွက် ဒေါ့မွန်က ကြီးမားတဲ့ ရေခံမြေခံတောင် ဖြစ်လာမယ့်သဘောရှိတယ်။
ဒေါ့မွန်အတွက်လည်း ဘယ်လင်ဟမ်လက်သစ်လေးကို ပိုင်ဆိုင်ဖို့နီးစပ်နေပြီ။ လက်ရှိပုံစံကိုသာ သူထိန်းထားနိုင်ရင် ဘယ်လင်ဟမ်လိုမျိုးပဲ ကျော်ကြားလာမှာပါ။ အချိန်တိုအတွင်းမှာတောင်မှ ဖြစ်လာနိုင်ပါတယ်။
