Marvel Studios ကနေ ၂၀၂၈ ခုနှစ်အတွက် နာမည်မဖော်ထားတဲ့ ရုပ်ရှင်လေးကားထွက်မယ်လို့ သိရပါတယ်။
ပရိသတ်တွေကတော့ ဒီရုပ်ရှင်တွေဟာ X-Men ဒါမှမဟုတ် Blade ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။
Variety ရဲ့ ဖော်ပြချက်အရ၊ ဒီနာမည်မဖော်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားကို ဒီဇင်ဘာ ၁၅ ရက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဘယ်ရက်တွေမှာ ဘယ်ရုပ်ရှင်တွေ ရုံတင်မယ်ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။
ဒါပေမယ့် Shang-Chi 2၊ Black Panther 3၊ Armor Wars၊ နဲ့ X-Men တွေဟာ တရားဝင် ရိုက်ကူးဖို့ ပြင်ဆင်နေပြီး၊ Spider-Man: Brand New Day နဲ့ Avengers: Secret Wars လို ရုံတင်ရက် သတ်မှတ်ထားတဲ့ ဇာတ်ကားတွေလည်း ထွက်လာဖို့ရှိပါတယ်။
၂၀၂၄ အောက်တိုဘာတုန်းကကြေငြာခဲ့တဲ့ Blade က ၂၀၂၅ နိုဝင်ဘာ ၇ ရက်နေ့မှာ ရုံတင်ရက်ဖယ်ရှားခံရပြီး အကန့်အသတ်မဲ့ ရွှေ့ဆိုင်းခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် Blade ဇာတ်ကောင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်ချိန်ချိန်မှာ သူပြန်ပေါ်လာမယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။
