အရင်ဆုံး ဒီဇာတ်ကားက Sony Spider-Verse အထာနဲ့မို့လို့ တော်တော်လေးမိုက်သွားတယ်လို့ပြောရပါမယ်။
ဇာတ်လမ်းကတော့ ကိုရီးယားမှာ ဝိညာဉ်တွေကို စုပ်ယူတဲ့ မကောင်းဆိုးဝါးဘုရင် Gwi-Ma ရန်ကို ကာကွယ်ပေးတဲ့ တေးသမားသုံးဖော်ဟာ မျိုးဆက်တိုင်း မကောင်းဆိုးဝါးတွေကို လူ့ပြည်မတက်လာအောင် Honmoon လို့ခေါ်တဲ့ အကာကွယ်တစ်ခုနဲ့ ကာကွယ်ပေးခဲ့ပါတယ်။
ဒီအကာအကွယ်ကို နောက်ဆုံး Generation ဖြစ်တဲ့ Huntrix ဆိုတဲ့ K-pop အဖွဲ့သုံးယောက်ကို လက်ဆင့်ကမ်းပြီး ကာကွယ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် မကောင်းဆိုးဝါးဘုရင် Gwi-Ma က လူ့ပြည်ကို ယောင်္ကျားလေး Kpop Group ဖြစ်တဲ့ Saja Boys ဆိုတဲ့ မကောင်းဆိုးဝါးတွေကို လွတ်ပြီး Huntrix နဲ့ပြိုင်ခိုင်းတာကို ကြည့်ရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
နောက်ပြီး ဒီဇာတ်ကားမှာ BTS နဲ့ BLACKPINK တို့ကို ပွဲတည်ထားသလို လုပ်ထားတာတွေလည်းပါပါတယ်။ ဥပမာ Fan Meeting တွေ၊ Idol ပြိုင်ပွဲတွေ တော်တော်လေးကို လက်တွေ့က Fan တွေ Ship သလို တွေပါထည့်ထားပါတယ်။ (ကျွန်တော့်အမြင်တစ်ခုထဲပါ)
ဒါပေမယ့် နောက်ဆုံးအခန်းမှာပြသွားတာကတော့ ဒီဇာတ်ကားကို Twice က ပါဝင်အားဖြည့်ထားတာပါပဲ။ ဒါပေမယ့် သီချင်းအသွားအလာတွေနဲ့ ဇာတ်ကောင် တည်ဆောက်ထားပုံတွေကတော့ Blackpink နဲ့ တော်တော်လေးတူတယ်လို့ ခံစားရပါတယ်။
နောက်ပြီး သီချင်းတွေကလည်း တော်တော်လေး နားထောင်ကောင်းတာတွေ တွေ့ရတယ်။ အထူးသဖြင့် မကောင်းဆိုးဝါး Boy Band အနေနဲ့ ရောက်လာတဲ့ Saja Boys ရဲ့ Soda Pop သီချင်းက တော်တော်လေး နားထောင်ကောင်းတာပါ။
ကျန်တာတွေကတော့ ဇာတ်လမ်း Tempo ကို အဆုံးထိ ဆွဲခေါ်သွားနိုင်သလို မကောင်းဆိုးဝါးတွေကို သီချင်းနဲ့ တိုက်ထုတ်တာတွေကြည့်ရတာက တော်တော်လေးမိုက်တယ်လို့ ခံစားခဲ့ရပါတယ်။
အားနည်းချက်အနေနဲ့ကတော့ ဇာတ်လမ်းက နောက်ဆုံးအပိုင်းမှာ လူဆိုးက လူကောင်းဖြစ်မှာမျိုးတွေ ကြိုသိရတာတော့ နည်းနည်းတော့ သိပ်မကောင်းဘူးပေါ့။
Rating အနေနဲ့ကတော့ 8/10 လောက်ရထားတယ်ဆိုတော့ မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။ အချိန်ပေးပြီး ကြည့်သင့်တယ်လို့ မြင်မိတဲ့ Animation တစ်ကားပါပဲ။
