Spider-Man: Brand New Day မှာ The Punisher မင်းသား Jon Bernthal ပါဝင်လာပါပြီ
လက်ရှိသတင်းတွေအရ Jon Bernthal ရဲ့ The Punisher က Tom Holland နဲ့အတူ Spider-Man: Brand New Day မှာ ပါဝင်လာမယ်လို့သိရပါတယ်။
The Hollywood Reporter ရဲ့ ဖော်ပြချက်အရ Bernthal ရဲ့ Frank Castle ဇာတ်ကောင်ဟာ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲမှာ ပထမဆုံး ပါဝင်ခဲ့ပြီး၊ နောက်ပိုင်းမှာ The Punisher ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်ရှိုးမှာ အဓိကဇာတ်ဆောင်ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်ကမှ ဒီ character က Disney+ ရဲ့ Daredevil: Born Again ဇာတ်လမ်းတွဲမှာ အပိုင်းအနည်းငယ် ပြန်ပါဝင်ခဲ့ပါတယ်။ အခု Spider-Man 4 မှာ သူ့ကို ရုံတင်ရုပ်ရှင်မှာ ပထမဆုံးအကြိမ် မြင်ရတော့မှာဖြစ်ပါတယ်။
Marvel က အနာဂတ်မှာ Bernthal နဲ့ The Punisher ကို ပိုပြီး အသုံးချဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။
