Every lesson will repeat until you learn it တဲ့
ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ကြောင်းပေါ့ ။ လူတွေက ဘယ်အချိန်မှာ တစ်ဆင့်ပိုပြီး ရင့်ကျက်ပြီလဲ ၊ ပိုပြီး တိုးတက်လာမလဲ ၊ ပြောင်းလဲသွားမလဲဆိုရင် သူတို့ ကြုံတွေ့ရတဲ့ကိစ္စရပ်ကနေ သင်ခန်းစာယူနိုင်တဲ့အချိန်မှ ကျွန်တော်တို့ဟာ ဘဝမှာ အပြောင်းအလဲတွေ ဖြစ်မှာပါ ။
ဒီလို ကိုယ့်ဘဝမှာ ကြုံဖူးတဲ့ ပြဿနာတွေ ၊ အခက်အခဲတွေ ၊ ဒုက္ခတွေကို သင်ခန်းစာမယူဘဲ ဒီတိုင်းနေနေရင်
မရှောင်လွှဲရင်တော့ ဘာမှလည်း တိုးတက်ပြောင်းလဲမှာမဟုတ်ဘဲ ဒီ traumaတွေထဲပဲ တဝဲလည်လည် ဖြစ်နေမှာပါ
ဘယ်လိုအရာတွေလဲဆို ကျွန်တော်တို့ လုပ်ခဲ့ဖူးတဲ့ အမှားတွေ ၊ မလိုအပ်တဲ့နေရာမှာ ငွေကြေးသုံးစွဲနေတာတွေ ၊ Toxic Relationshipတွေ ၊ Negative mindset တွေ ၊ self- discipline မရှိတာတွေ ၊ အမှတ်မရှိတာတွေ စသဖြင့်ပေါ့ ။
ဘဝမှာ ဘာပဲကြုံလာရကြုံလာရ ဒီအဖြစ်အပျက်ကြောင့်တစ်ခါခံရပြီးရင် သင်ခန်းစာယူပြီး ပြောင်းလဲပစ်နိုင်မှ တိုးတက်ပြောင်းလဲမှာပါ။အဲ့လိုမဟုတ်ဘဲ ဒုံရင်းပဲဆိုရင်တော့ ဒုံရင်းအတိုင်း ပြဿနာတွေနဲ့အရင်လိုပဲ ချာလည်လည်နေမှာပါ။
မလိုအပ်တဲ့ နေရာတွေမှာ ငွေသုံးနေတာတွေ မလျော့ချပြီး လက်ထဲငွေပြတ်မှ နောင်တရမယ် ၊ ငွေပြတ်တုန်း ခဏပဲနောင်တရလိုက်တယ် ။ ငွေထပ်ရလာရင် ဒုံရင်းပဲ ဖြစ်သွားတယ် ။ ပြန်ပြီး သုံးဖြုန်းနေတယ် ။ ဒီလိုနဲ့ ငွေပြန်ပျက်တယ် ။ အဲ့ကျမှ နောင်တပြန်ရတယ် ။ ဒီအတိုင်းပဲ လည်နေတယ် ဘဝမှာ မစုဆောင်းမိဘူး ။ Toxic Relationship တွေကြုံရတယ် ။ ဘဝထဲကို လူတွေကို အကဲမခတ်ဘဲ လွယ်လွယ်ဝင်ခွင့်ပေးတယ် ။ လူကောင်းလား လူဆိုးလားဆိုတာထက် စိတ်ခံစားချက်ကိုပဲ ဦးစားပေးတယ် ။
ကိုယ့်အပေါ် မလေးမစားလုပ်တာ ဦးစားမပေးတာ ၊ အလေးမထားတာတွေလည်း လက်ခံတယ် ၊ ဇာတ်မျောကြီးတွေကို မရပ်တန့်နိုင်ဘူး ။ နောက်တစ်ယောက်ကျလည်း ဒီလိုပဲ ကိုယ့်တန်ဖိုးကို မသတ်မှတ်ထားဘူး ။ ဘဝမှာ ကောင်းတဲ့လူနဲ့ မဆုံတွေ့နိုင်တော့ဘူး ။ ဘာလို့ဆိုကိုယ်တိုင်က ကိုယ့်တန်ဖိုးကို ချပေးနေတာ ငါ့ကို ဖြစ်သလိုဆက်ဆံလို့ရတယ် ။ ငါ့ကို ပေးတဲ့ကတိတွေ မတည်လည်း ရတယ် ။ လုပ်ချင်သလိုလုပ်ပြီး ပြန်လာခေါ်လည်း လက်ခံတယ် ။ Priority မထားလည်း ရတယ် ။
သင်ခန်းစာမယူဘူး အဲ့တော့ healthy relationships ကဘာလဲဆိုတာကိုမသိဘူး ။ ပြုလည်းမပြုပြင်ဘူး ။ ဒီcycleထဲမှာပဲ လည်နေတယ် ။
တစ်နှစ်ကုန်သွားတယ် ။ ဘာမှမကြိုးစားမိဘူး ။ နောက်တစ်နှစ်မှ ထပ်ကြိုးစားမယ် ကျိန်းဝါးပြန်တယ် ။ နောက်တစ်နှစ်ရောက်တော့လည်း ဒီတိုင်းပဲ ။ သင်ခန်းစာယူသလိုလိုနဲ့ မယူဘူး ။
ဘဝမှာ ဒီလို အဖြစ်အပျက်တွေ အများကြီး ကျွန်တော်တို့ဆီမှာ ဖြစ်နေပါတယ် ။ ကျွန်တော်တို့က ငါတော့ တော်ပြီ ဒါမျိုး ငါ့ဘဝမှာ ထပ်အဖြစ်မခံတော့ဘူးလို့ မဆုံးဖြတ်မချင်း သင်ခန်းစာယူပြီး မပြုပြင်မချင်း ဒီ စက်ဝိုင်းကလည်ပတ်နေဦးမှာပါ။
#အချိန်မီစတင်ခြင်း-စာအုပ်မှ
#nayvel
ဒါကြောင့် ဘဝပြောင်းလဲဖို့ဆိုရင် သင်ခန်းစာယူပါ

image