#ဆေးဘဲဥသုပ်(ဖီတန်သုပ်)
**************
အသုပ်တွေထဲမှာ ဆေးဘဲဥသုပ်ကလည်း လွယ်လွယ်ကူကူ လုပ်စားလို့လွယ်တဲ့ အသုပ်မျိုးဖြစ်ရာ လေ့လာဖတ်ရှု တွေ့ရှိထားတဲ့ ဆေးဘဲဥသုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ နှစ်သက်သလို အခြားဟင်းလျာများနဲ့ တွဲဖက်စားလို့ကောင်းတဲ့ အသုပ်တစ်မျိုးဖြစ်ပြီး၊ ထမင်းပူပူလေးနဲ့စားမလား၊ ညနေချမ်း ရေနွေးကြမ်းလေးနဲ့ မြည်းမလား၊ လက်ဖက်သုပ်လိုမျိုး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ သုပ်စားမလား ပေါ့ပေါ့ပါးပါး လုပ်စားလို့ရတဲ့အတွက် အောက်ဖော်ပြပါနည်းလေး အတိုင်း ပြုလုပ်လို့ရပါတယ်။
လိုအပ်တဲ့ပစ္စည်းများမှာ-
ဆေးဘဲဥ (ဖီတန်) - ၃ လုံး
ကြက်သွန်ဖြူ - ၄ မွှာ
ငရုတ်သီးစိမ်းအနီရောင် - ၃ တောင့်
နံနံပင်၊ နှမ်းလှော်၊ ဆား၊ သကြား၊ အသားမူန့် အနည်းငယ်
သံပုရာသီး - ၁ လုံး
ရေ - ထမင်းစားဇွန်း ၂ ဇွန်း
သုပ်နည်းမှာ
ဆေးဘဲဥကိုတွေကို အခွံနွှာပြီး လေးစိတ် စိတ်ထားပါ။ ပြီးရင် ဆေးဘဲဥ တွေကိုအခွံနွှာပြီးလေးစိတ်စိတ်ထားပါ။.ပြီးရင်အဓိကဖြစ်တဲ့ဆောစ့်ကိုပြုလုပ်ပါမယ်။ ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို အရင်ထောင်းပြီး ညက်လျှင် ဆား၊ သကြား၊ ပဲငံပြာရည်၊ အသားမှုန့်တို့ကို ထည့်ပါ။ သုံရာသီးညစ်ထည့်ပါ။ ရေထည့်ပြီး အားလုံးကို ရောစပ်ပေးလိုက်ပါ။အရသာမြည်းကြည့်ပြီး ချိုချဉ်စပ် မွှေးပြီးဆိုလျင် အပေါ်က နံနံပင် နမ်းလှော် ထည့်ပေးရင် ရပါပြီ။
ပွဲပြင်နည်း
လေးစိတ်စိတ်ထားတဲ့ ဖီတန်စိတ်တွေကို ပန်းကန်ပြားထဲမှာ လှပစွာ စီထည့်ပြီး အပေါ်ကဆော့စ်ရည်ဆမ်းပေးလိုက်ရင် ရပါပြီ။ ဆော့စ်အရည်ထဲကိုပဲ နှစ်ပြီးစားမလား၊ အရသာတစ်မျိုးနဲ့ ခံတွင်းလိုက်ပြီး စားကောင်းပါတယ်။ မိမိတို့အိမ်မှာ ကိုယ်တိုင် လုပ်စားကြည့်တာဟာ ဆိုင်မှာ သွားစားတာကထက် ကုန်ကျစရိတ် သက်သာတာကို တွေ့ရပါလိမ့်မယ်

image