#အကြော်မှုန့်စပ်နည်း ‼( ဗူးသီးကြော်မလာ အသားကြောမလာ)
လုပ်ရလွယ်ပြီး စားလို့လဲကောင်းသွားတယ် 😋
✅✅✅✅
(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်
(2)ကောက်ညှင်းမှုန့် 1ထုပ်
(3)ရွှေကြည်မှုန့် 1ထုပ်
(4)ဆန်စိမ်းမှုန့် 1ထုပ်
(5)ယိုးဒယားမယ် 1ထုပ်
(6)ရွှေလိပ်ပြာ 1ထုပ်
#ခြောက်သွေ့နေတဲ့အိုးထဲအကုန်လုံးဖောက်ထည့်ပြီးခြောက်သွေ့နေတဲ့ဇွန်းကြီးနဲ့မွှေပေးပါ...
#ပြီးရင်ခြောက်သွေ့နေတဲ့လေလုံဘူးထဲထည့်ပြီးသိမ်းလိုက်ပါ...✅✅✅
#လိုအပ်တဲ့အချိန် ထုတ်ပြီးဘူးသီးကြော်/ ငှက်ပျောကြော် /အာလူးကြော် တို့ကြော်မယ်ဆို ပျစ်ပျစ်လေးဖျော် ဂျင်းထောင်းရည်လေးနဲနဲထည့် ဆားဆော်ဒါလေးနဲနဲထည့်ပြီး 15မိနစ်လောက်ထားထားလိုက်ပါ...
✅✅✅✅
#ဆားကို ထည့်ချင်လဲထည့် မထည့်ချင်လဲ မထည့်နဲ့ ဆားထည့်ရင် ပျော့တာမြန်လို့ မထည့်ကြဘူး
#အရွက်ကြော်တွေ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို...✅✅✅
အရည်ကျဲကျဲလေး ဖျော်ရပါတယ်...
ဂျင်းထောင်း ဆားဆော်ဒါထည့်ပြီး
ကိုယ်ကြော်မယ့်အရွက်ပါ ရောနယ်လိုက်ပါတယ်...
အ့ပါပဲရှင့်...
အိမ်မှာ ကွကိုယ် ကြိုက်တဲ့အချိန် ကြော်စားတော့ ရပီ...✅✅✅✅
#အချဉ်ရည်စပ်နည်း
မကျည်းသီးမှည့်ကို ရေဆေး
ထန်းလျက်ကို ရေဆေး
နံနံအနဲငယ်ကို ရေဆေး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား သို့ ငံပြာရည်✅✅✅✅
ငရုတ်ဆီအနီကြိုက်ရင်ထည့်
အခု ငရုတ်ချဉ်စပ်ပြီးသားအထုတ်တွေလဲ လာပါတယ်...ကြိုက်ရင်ထည့်...ရေလိုသလောက်ထည့်ပြီးမီးပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ...
✅✅✅
ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ...
အရသာက ချိုချဉ်စပ်လေးပေါ့...
အ့အချဉ်ရည်နဲ့အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်...
ဆူအောင်တည်ထားတဲ့အတွက်ဗိုက်မနာတော့ပါ...
ကိုယ့်အစ်မ မမရီးးသင်ပေးထားတဲ့နည်းလေးပါရှင့်...😘✅✅✅✅
KeeLay
ဒီစားချက်gpထဲကပဲတွေ့လို့ copyယူပီး အကြော်မှူန့်စပ်ထားတာပါ...
မယ်စိမ်းက တစ်ခါထဲ ပလပ်စတစ်ဗူးသန့်ကို ခပ်ကြီးကြီးနဲ့အထုပ်တေအကုန်ဖောက်ထည့်ပီး အဖုံးလုံအောင်ပြန်ပိတ်ပီး သားစိုး(ရောသမမွှေ)လိုက်ပါတယ်...✅✅✅✅
အ့အကြော်မှူန့်နဲ့ ကြက်ရိုးလေးကြော်စားထားပါတယ်...
ရှယ်ကောင်းပါပဲရှင်...😊😊😊
