လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲ◾
အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…
ကောင်းတဲ့အရာတွေနဲ့
💚💚💚
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energyတွေပြည့်နှက်နေမယ်…
မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…
❤️❤️❤️
Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…
💛💛💛
ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…
✅✅✅
ကျေးဇူးပါ
