ငွေပိုလို့ ရွှေစုတာဆို
စျေးနှုန်း အတက် အကျကို မခံစားပါနဲ့ ❌
ကိုယ်ဝယ်တဲ့အချိန်က ကိုယ့်စျေးပဲ
တခုပဲရှိတယ်
ကျလာနိုင်သေးလား ပြန်တက်လာနိုင်လားဆိုတာကိုတော့ ဥာဏ်လေးနဲ့ယှဥ်ပေါ့
ဒီလိုပဲ ငွေအသုံးလိုလို့ ရောင်းရမယ်ဆို ရောင်းပါ ။
ဝယ်ပြီး ရောင်းပြီးမှ တက်သွားပြီ ကျသွားပြီ လိုက်ခံစားနေရင် နှလုံးရောဂါပဲ ရမယ် ။
လက်ရှိကာလ စျေးအတက်အကျ အပြောင်းအလဲက အရမ်းမြန်တယ် ။
ရွှေစျေး အတက် အကျဆိုတာ ဘာမှ ကြိုမြင်ရတာမဟုတ်ပါ ။
ကြိုသိနေရင် အကုန်သူဌေးဖြစ်ကုန်မှာပေါ့ ။
🔺ရွှေမှာ ဆရာမရှိပါ ။
စျေး အတက်အကျပေါ်လိုက်ခံစားလိုက်နဲ့ စိတ်အပူရနေသူများကို အကြံပြုတာပါ ။
အားလုံးပဲ ရောင်းတဲ့ချိန်စျေးပိုရပြီး ဝယ်တဲ့အချိန် စျေးကျပါစေ 🙏
