10 w - Translate

Jarhead (2005)
IMDB….7.0

ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေ

စပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကို
အသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်း

နာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို
ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို
ချီးကျူးခံထားရတယ်… စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖိုမဖြစ်နိုင်ပေမဲ့
ကျွန်တော်တိုမယ် လေ့လာပြီး သိနားလည်ပေးလိုရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူး
တံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်
အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို
လှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ ..
 
Channel ‌ကိုအရင်Joinပါ➡️➡️ နှိပ်ပါ (https://t.me/+WPMSrPX1wBw1ZTI1)

ဇာတ်ကားကြည့်ရန်➡️➡️ နှိပ်ပါ (https://t.me/c/2483405328/238)

image