လူတစ်ယောက်ရဲ့ အတွေးဟာ
သူ့ရဲ့ဘဝပါပဲတဲ့…...
အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…
ကောင်းတာတွေ ပြောဖြစ်မယ်…
ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်…
လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energy
တွေပြည့်နှက်နေမယ်…
မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…
Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ
များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…
ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…
ကိုယ့်အတွေးနဲ့ကို
ကိုယ့်ဘဝကိုနစ်မွန်းအောင် လုပ်တဲ့သူ
မဖြစ်ပါစေနဲ့…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…
