10 w - Translate

ခါးနာခြင်းကို လျှော့ချဖို့ လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းဟာ နာတာရှည် ခါးနာခြင်း ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တွေက ဆိုပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို မိနစ် ၁၀၀ လမ်းလျှောက်တာနဲ့ ခါးနာနိုင်ခြေ ၂၃ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ တွေ့ရပါတယ်။ လမ်းလျှောက်ချိန် ပိုတိုရင်တောင် သိသာတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
ဘာလို့ အရေးကြီးတာလဲ။
ခါးနာတာဟာ ကမ္ဘာတစ်ဝန်း မသန်စွမ်းဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။
-လမ်းလျှောက်ခြင်းဟာ နာတာရှည် ခါးနာခြင်းကို ဖြစ်ပွားနိုင်ချေ နည်းပါးစေပါတယ်၊ အထူးသဖြင့် အသက် ၆၅ နှစ်အထက် လူကြီးတွေမှာပေါ့။
-လမ်းလျှောက်တဲ့ ပမာဏနဲ့ အကျိုးကျေးဇူးက ဆက်စပ်နေပါတယ်။
- တစ်နေ့ကို မိနစ် ၁၀၀-၁၂၅ မိနစ် လမ်းလျှောက်သူတွေဟာ အကျိုးအများဆုံး ရရှိခဲ့ပါတယ်။ လမ်းလျှောက်ချိန် များလေလေ၊ ပြင်းထန်မှုနည်းရင်တောင် ခါးနာနိုင်ခြေကို လျှော့ချပေးပါတယ်။
စတန်းဖို့ဒ် (Stanford) က နာကျင်မှုဆိုင်ရာ သိပ္ပံပညာရှင် Beth Darnall, PhD က "အခြား လေ့လာမှုတွေက လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးကို တိုးတက်စေတယ်ဆိုတာ ပြသခဲ့ပြီး၊ ဒီလေ့လာမှုကတော့ ခါးနာခြင်းကို ကာကွယ်ရာမှာပါ အကျိုးရှိတယ်ဆိုတာကို ထပ်ပြီး အတည်ပြုပေးပါတယ်" လို့ ပြောပါတယ်။
ဒေါက်တာ Darnall က "တစ်နေ့ကို မိနစ် ၁၀၀ လမ်းလျှောက်တာ လူတိုင်းအတွက် မဖြစ်နိုင်ပေမယ့် လက်တွေ့ကျတဲ့ ပန်းတိုင်တွေ သတ်မှတ်ပြီး တစ်ပတ်ကို ပိုပြီး လမ်းလျှောက်နိုင်ပါတယ်" လို့လည်း ထပ်လောင်းပြောပါတယ်။ ဘယ်လောက်ပဲ တိုးလာလာ အရေးကြီးပါတယ်။
အချုပ်အားဖြင့်-
လမ်းလျှောက်ခြင်းဟာ နာတာရှည် ခါးနာခြင်းကို ကာကွယ်ဖို့အတွက် ဈေးသက်သာပြီး အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အထူးပစ္စည်းတွေ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါဘူး — ပုံမှန်လုပ်ဖို့ပဲ လိုပါတယ်။
ဒီတော့ ကျွန်တော် simplified လုပ်တင်ပြပေးတဲ့
လေရှု၊ရေသောက်၊ လမ်းပိုလျှောက်
ဝိတ်မ၊အသားတိုးစား၊အိပ်ရေးဝဝအိပ် ကိုလျော့တွက်နေတုန်းလား?
Ref:Volume and Intensity of Walking and Risk of Chronic Low Back Pain”
Journal: JAMA Network Open
Published: June 13, 2025
DOI: 10.1001/jamanetworkopen.2025.15592