Joshua Van နဲ့ Brandon Royval တွဲဆိုင်းက (၁၁) ရက်ပဲ လိုတော့တာပါ။ မူလတုန်းက Brandon Royval နဲ့ Manel Kape တို့ကို တည်ထားပေမယ့် Manel Kape နှုတ်ထွက်တာမို့ Joshua Van နဲ့ Brandon Royval တွဲဆိုင်းဖြစ််လာရတာပါ။ Joshua Van က Brandon Royval ကိုနိုင်မယ်လို့ ယုံကြည်နေတယ်။
"Brandon Royval က ဖလိုင်းဝိတ်တန်းမှာ အဆင့် (၁) လေ။ နိုင်ရင် ကျွန်တော်လည်း အဆင့် (၁) ဖြစ်ပြီလေ။ ကျွန်တော်တွေးနေတာ အဲဒါပါပဲ။ Brandon Moreno ကို စိန်ခေါ်ရတယ်ဆိုတာကလည်း ထိပ်ဆုံး (၁၅) ယောက်မှာ အများစုက ပွဲတည်ပြီးသားတွေချည်းပဲ။ ပွဲအားနေတာဆိုလို့ သူပဲရှိတာလေ။ သူကိုယ်တိုင်က UFC Noche ပြိုင်ပွဲမှာ ကစားချင်တယ်လို့ ပြောဖူးပါတယ်။ ကျွန်တော်ကလည်း တက္ကဆပ်ပြည်နယ်မှာ ပွဲထိုးချင်တယ်လေ။ UFC 317 ပြိုင်ပွဲပြီးလို့ ခါးပတ်လုခွင့်ရရင် ခါးပတ်လုပွဲထိုးပါမယ်"
Joshua Van က Brandon Royval ပွဲတွေကို မကြည့်ဖူးပါဘူး။ ပွဲတည်လိုက်ပြီမို့ ပွဲဟောင်းတွေ ပြန်ကြည့်ပြီး သေချာပြင်ဆင်နေပါတယ်။ လူစားဝင်ထိုးရပေမယ့် စိတ်ပူပန်မှုမရှိပါဘူး။
"ကျွန်တော်က Brandon Royval ပွဲတွေကို မကြည့်ဖူးဘူး။ ပွဲတည်လိုက်ပြီဆိုတော့ ပွဲအားလုံးပြန်ကြည့်လိုက်တယ်။ ဖလိုင်းဝိတ်တန်းမှာ တော်တော်မာတဲ့ ကစားသမားပါ။ တနင်္ဂနွေနေ့မှာ UFC အဖွဲ့အစည်းက တွဲဆိုင်းကပ်ပေးတာလေ။ ကျွန်တော်က ပွဲမြန်မြန်ထိုးချင်တယ်လို့ ပြောဖူးတာတာကိုး။ ဒါက အခွင့်အရေးပဲ။ အဲဒါကြောင့် ခေါင်းငြိမ့်လိုက်တာပါ"
Brandon Royval က Joshua Van ထက် အကောင်ပိုထွားသလို ရုပ်ပိုင်းဆိုင်ရာ အားသာချက်ပိုများတယ်။ Joshua Van က ပိုမြန်ပြီး လက်သီးပိုသွက်ပါတယ်။ ဘယ်လိုဖြစ်မလဲဆိုတာ ဇွန်လ (၂၉) ရက်နေ့မှာ အဖြေပေါ်ပါပြီ။
