1 w - Translate

ONE Championship က ONE Numbered Event နဲ့ ONE Fight Night ပြိုင်ပွဲတွေမှာ အပိုဆုကြေး ဒေါ်လာ (၅) သောင်းပေးပြီး ONE Friday Fights ပြိုင်ပွဲတွေမှာ အပိုဆုကြေး ဘတ် (၃) သိန်းခွဲပေးတာ အားလုံးအသိပါ။ အစောပိုင်းကာလတုန်းက အလဲထိုးပွဲတိုင်းလိုလိုမှာ အပိုဆုကြေးပေးခဲ့ပေမယ့် နောက်ပိုင်းမှာ မပေးတော့ပါဘူး။ လှလှပပ အလဲထိုးနိုင်ပွဲတွေကို ရွေးချယ်ချီးမြှင့်လာတယ်။
"တချို့ကစားသမားတွေက ရန်ဖြစ်နေသလိုပဲ ရေကူးလက်သီးထိုးကြတယ်။ အလဲထိုးနိုင်ရင် အပိုဆုကြေးရမယ်ပေါ့လေ။ ကျွန်တော်က အဲဒီလို ကစားသမားတွေကို အပိုဆုကြေးမပေးချင်ပါဘူး။ အဲဒါကြီးက မွေထိုင်းရဲ့ အနှစ်သာရမဟုတ်ဘူးလေ။ ကစားသမားဆိုတာ တိုက်ရည်ခိုက်ရည်ပြည့်ရမယ်။ အမြင့်ကန်ချက်တို့ တံတောင်တို့လို မွေထိုင်းရဲ့ လှပတဲ့ သတ်ကွက်တွေကို ထုတ်သုံးနိုင်ရမယ်"
"မနှစ်တုန်းကဆိုရင် ကျွန်တော်က ကစားသမားတွေကို အပိုဆုကြေးလွယ်လွယ်ပေးလိုက်တယ်။ အဲဒီတော့ ကစားသမားတွေက အလဲထိုးနိုင်ရင်ပြီးရောဆိုပြီး ဝါးရုံပင် ကျွဲခတ်သလို ရမ်းဘီလူးထိုးကြတာပဲ။ ကျွန်တော်က Jaosuayai လို မွေထိုင်းနည်းစနစ်ကြွယ်တဲ့ ကစားသမားမျိုးကိုပဲ အပိုဆုကြေးပေးချင်ပါတယ်"
Chatri Sityodtong ပြောတာက ရှင်းလင်းနေတာမို့ ထပ်ရှင်းပြစရာ မလိုတော့ပါဘူး။ ONE Championship က အပိုဆုကြေးစည်းမျဉ်းစည်းကမ်းပြောင်းလာတာ နည်းနည်ကြာပါပြီ။ အရင်လောက် ဖောဖောသီသီမပေးတော့တာ အမှန်ပဲ။ ဒါကလည်း တိုးတက်ကောင်းမွန်စေတဲ့ အရွေ့တစ်ခုလို့ မြင်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ပညာက ရှေ့ကသွားပါတယ်။ မာဂုဏ်ရှိတာ ကောင်းပေမယ့် မာဂုဏ်ချည်းပဲဆိုရင် ဘာမှလုပ်မရပါဘူး။ ကမ္ဘာ့အဆင့်ကစားသမားတိုင်းလိုလိုမှာ မာဂုဏ်မြင့်ကြတာမို့ ပညာမဲ့သူက ခံကြရစမြဲပါ။ ONE Championship ရဲ့ မူဝါဒကို ကြိုဆိုရမှာပါပဲ။

image