1 w - Translate

❝ ငှက်ကလေးတွေပေါ်
ဓာတ်ကြိုးက လာနားနေတယ်
ကိုယ့်ဘေးနားရှိတဲ့ စာအုပ်ကလည်း
လူများ သက္ကရာဇ်များ ဘဝများ
ကိုယ့်ဘေးမှာ ဘေးပဲ ရှိတော့တယ်
ဒီခေတ်ကြီးထဲ အသည်းကွဲနေတဲ့
သူငယ်ချင်းကိုလည်း ကိုယ်ချင်းစာပေးခဲ့ရ
သူ့ဟာသူရပ်နေတဲ့ ဓာတ်တိုင်တောင်
ဓာတ်လိုက်ခံရသေးတာပဲ အချစ်ရယ်
သေသွားတဲ့သူတွေက
ငါတို့ကို သတိရနေမှာပဲ ❞
• အောင်ခိုင်မြတ် - အေးတဲ့မီး •

image