10 ပတ် - ဘာသာပြန်ပါ။

၁ ။ စံပယ်ပင်လေးတွေ
စိုက်တော့မယ်ဆိုရင်
အိုးနဲ့စိုက်မှာလား?
မြေမှာ ချပြီးစိုက်မှာလား?... ရွေးပါ။
အိုးနဲ့စိုက်မယ်ဆိုရင်လည်း
အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။
မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပေးပါ။
၂။ စံပယ်ပင်လေးတွေဟာ
နေရောင်ကြိုက်ပါတယ်။
အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။
၃။ စံပယ်ပင်လေးတွေကို
တစ်နေ့တစ်ကြိမ် ရေလောင်းပါ။ ရေလောင်းတဲ့ အခါမှာ အောက်ခြေ မြေကြီးကိုပဲ လောင်းပါ။
သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင်
နေရောင်နဲ့ထိတဲ့အခါမှာ
အရွက်လေးတွေ ပုပ်သွား တတ်ပါတယ်။
၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက် တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊စင်လေးဖြစ်ဖြစ် ထားပေးပါ။
၅။ စံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေသြဇာသုံးပေးပါ။ ပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာ ဝယ်နိုင်ပါတယ်နော်။
၆။ စံပယ်ပင်လေးတွေကို
ကိုင်းညှပ်ပေးပါ။
မခူးဖြစ်တဲ့ အပွင့်ခြောက်တွေ၊
အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကို ကတ်ကြေးနဲ့ ညှပ်ပါ။
သတိထားရမှာက ပန်းပွင့်နေချိန်မှာ
ကိုင်းမညှပ်ပါနဲ့။ ပန်းပွင့်နှုန်းလျော့သွားတတ်လို့ပါ။
၇။ အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါ။ မြေမှာချ စိုက်ထားတယ်ဆိုရင် အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံထားပေးပါ။
၈။ ရာသီဥတုပူလွန်းရင်လည်း
စံပယ်ပင်လေးတွေပူပြီးခြောက်မသွားအောင်
ရေမကြာခဏ လောင်းပေးပါ။
၉။ သင့်စံပယ်ပင်လေးတွေ အပွင့်မပွင့်တာကြာပြီ၊ အရွက်ကြမ်းတွေပဲ ထွက်နေတယ် ဆိုရင် မြေကြီး ထဲကို Nitrogen မြေသြဇာလေး ထည့်ပေးပါ။
ပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြန်စစ်ဆေးကြည့်ပါ။
၁ဝ။ စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေး ထက်ထက်နဲ့ ညှပ်ပြီး ခူးပါ။ လက်နဲ့ မချိုးပါနဲ့၊ မဆိတ်ပါနဲ့။
ခူးပြီးသား စံပယ်ပွင့်လေးတွေကို
ကြာရှည် လတ်ဆတ်နေချင်ရင်
ရိုးတံလေးကို ရေထဲ စိမ်ထားပေးပါ။

image