ပုဂံသွားရင် ဒီနေရာလေးက
လူတွေ သိပ်မသိကြလို့ပါ🙏
တော်တော်များများလည်းမရောက်ခဲ့ကြဘူး
စာရေးသူကိုယ်တိုင်လည်း
ပုဂံကိုရောက်ဖူးသော်လည်း
ထိုနေရာကို မရောက်ဖူးသေးပါ
ပုဂံ ညောင်ဦးဖက်က လူအရောက်နည်းတဲ့ နေရာဆိုလည်းမမှားပါဖူး
သဘာဝမြေကြီးကို ထွင်းထားတဲ့
ရှင်အရဟံသတင်းသုံးခဲ့တဲ့ဂူ လို့လည်းဆိုပါတယ်
အချို့ကလည်း သူ့ဘာသူဖြစ်လာတဲ့ဂူလို့လည်း ပြောကြပါတယ်
Google map နဲ့ရှာရင် မတွေ့ပါဖူးလို့ပြောပါတယ်🍁
ဒီဂူဘုရားလေးဟာ
သမီးဝှက်ဥမင်အနီးမှာ ရှိတာပါ
သမီးဝှက်ဥမင်ကိုတော့ Google map မှာ ရှာရင်ရ ပါတယ်။ ငှက်ပစ်တောင် နဲ့လည်းနီးပါတယ်🍀
သမီးဝှက်ဥမင် ငှက်ပစ်တောင်နား
ကို Goole Map ကနေသွားလို့ရောက်ရင်တော့ ဒေသခံများကိုမေးစမ်းသွားလျင်တော့ ရောက်ဖို့နီးစပ်သွားပါပြီ🍀
ဂူကို အပြင်ကကြည့်ရင် သေးတယ်ထင်ရပေမယ့် ဝင်ကြည့်ရင် တကယ်အံ့ဩဖို့လည်း ကောင်းပါတယ်🍀
ဂူအတွင်းပိုင်းဟာ နွေရာသီတောင်
အေးတဲ့ အငွေ့အသက်တွေရှိနေပါတယ်။အဓိကတော့ ဘုရားရိပ် တရားရိပ်ကုသိုလ် အရိပ်တွေဟာ
အေးမြ အေးချမ်းတဲ့ ပကတိပင်ကိုယ် ဂုဏ်သတ္တိကြောင့်လည်းပါပါတယ်🍀
မူရင်း တင်သောစာနှင့်ဓာတ်ပုံပိုင်ရှင်ကိုလေးစားစွာဖြင့် Creditပေးပါတယ်🙏
