စျေးမှာ #ပဲပြား ကို ဝယ်မစားပဲ အိမ်မှာအလွယ်လေး လုပ်လို့ရတဲ့ နည်းလေးပါ Save😍
အရင်ဆုံး ပဲပြားလုပ်မယ့် ပဲစိမ်းနဲ့ အရသာစိမ့်အောင်မြေပဲတချို့ကိုရောပြီး ရေစိမ်လိုက်ပါ။ အချိန်သုံးနာရီကြာလို့ ပဲစေ့လေးတွေ ပွလာရင် ကြိတ်စက်ထဲထည့်မွှေပေးရပါမယ်။ စိတ်ရှည်ရှည်မွှေပြီးလို့ ပဲနို့ရေလေးတွေရလာရင်မီးအေးအေးနဲ့ သေချာလေးကြိုချက်ပေးပြီး မိနှစ်ဆယ်ခန့်အေးအေးခံထားလိုက်ပါ။ ပဲပြားလုပ်တဲ့အချိန်မှုန့်ကို ပန်းကန်ထဲထည့်ပြီး ဆားနည်းနည်းထည့်၊ ခုနကပဲနို့ရည်တွေရောထည့်ပြီးတာနဲ့ အမြုပ်တွေကုန်အောင်ဖယ်ပေးရပါမယ်။ အချိန်ခြောက်နာရီကြာတဲ့အခါမှာ ဆူးလေမှာရောင်းတဲ့ ပဲပေါင်းအဖြစ်စားလို့တော့ရသွားပါပြီ။ဒါပေမယ့်ပဲပြားလုပ်မှာဖြစ်တဲ့အတွက် ရလာတဲ့ပဲပေါင်းကိုထပ်ပြီးအချိန်ကြာကြာနှပ်ကာ ဇကားနဲ့သေချာစစ်ပေးထားရပါမယ်။ ပဲပြားအချဥ်ပေါက်လို့အခုလိုအနေအထားလေးဖြစ်ရင်အိမ်မှာချက်စားတဲ့ပဲပြားတံုးလေးရရှိပါပြီ။လုပ်ရတာသက်သာပြီး အကုန်အကျလည်းနည်းလို့ လူကြီးမင်းတို့လည်းအိမ်မှာလိုက်လုပ်စားကြပါဦးနော်။

image