📱 #ဖုန်းချည်းပဲကြည့်နေရင် အ6-သစောပါမယ်တဲ့
ထမင်းစားလည်း ဖုန်းတကိုင်ကိုင်၊ အိမ်သာတက်လည်း ဖုန်းတစ်ကိုင်ကိုင်၊ မနက်လည်း ဖုန်း၊ ညလည်း ဖုန်းဖြစ်နေတဲ့ လူတွေရှိကြလား။ ဖုန်းကို လက်ကမချနိုင်ဖြစ်နေရင် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကို လူတွေ သိလာကြပြီဖြစ်ပေမယ့် ဖုန်းအသုံးပြုချိန်ကတော့ ကျဆင်းမလာပါဘူး။
တကယ်တော့ Screen Time လို့ခေါ်တဲ့ ဖုန်းအသုံးပြုချိန်ဟာ လူတစ်ယောက်ရဲ့ ဘဝသက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ လေ့လာချက်တွေအရ Screen Time များလေလေ ကျန်းမာရေး ယိုယွင်းထိခိုက်မှု များလေလေပါတဲ့။ Screen Time များတဲ့လူတွေဟာ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
ဖုန်းကို လက်ကနေမချနိုင်ဖြစ်နေသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် လေးလံထိုင်းမှိုင်းပြီး
· ကိုယ်ခံအားနည်းတာ
· အဝလွန်တာ
· သွေးတိုး၊ ဆီးချို ဖြစ်တာ၊ ပိုဆိုးစေတာ
· စိတ်ဓာတ်ကျတာ
· အိပ်မပျော်တာ
· အသားအရေ ထိခိုက်တာ
· မျက်လုံးထိခိုက်တာ
· ဇက်ကြောတက်တာ
· ပေါင်းသင်းဆက်ဆံရေး အားနည်းလာတာ၊ စတဲ့ပြဿနာတွေ ကြုံရလေ့ရှိပါတယ်။
Screen Time များခြင်းကနေ ပေးတဲ့ ဆိုးကျိုးတွေက ဒါတွေချည်းမဟုတ်ပါဘူး။ ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ Screen Time များတဲ့လူတွေဟာ လူဘဝမှာ နေထိုင်ရတဲ့သက်တမ်းလည်းတိုကြတယ်လို့ သိထားရပါတယ်။ ပြောရမယ်ဆိုရင် Screen Time များရင် စောစောသေမယ်ဆိုတဲ့ သဘောပေါ့။
လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုနေမိမယ်ဆိုရင် နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း မြင့်တက်လာဦးမှာပါ။ ဒါကြောင့် အရွယ်မတိုင်ခင် စောလျှင်စွာ သေဆုံးနိုင်ခြေဟာလည်း အများကြီးမြင့်တက်လာမှာပါ။
Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးမှသာ ကျန်းမာပျော်ရွှင်စွာနဲ့ လူ့သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်တဲ့ဗျာ။
ဒါကြောင့် အသက်လေးရှည်စေဖို့ Screen Time ကြည့်ချိန်ကို စနစ်တကျ လျှော့ချကြပါစို့နော်။

image