"စိတ်ငြိမ်းချမ်းအောင် နေနည်း"
လူတွေက စိတ်ချမ်းသာမယ်ထင်ပြီးတော့
ငွေနောက်ကို လိုက်တယ် ။
ငွေတော့ ရတယ် ။
စိတ်ချမ်းသာမှုတော့ မရဘူး ။
ရာထူးနောက်ကို လိုက်တယ် ။
ရာထူးတွေ ရတယ် ။
စိတ်ချမ်းသာမှုတော့
ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး ။
ကျော်ကြားမှုနောက်ကို လိုက်တယ် ။
ကျော်ကြားလာတယ် ။
စိတ်အေးချမ်းမှုကတော့
ကြာလေ ဝေးလေ ဖြစ်သွားတယ် ။
ကိုယ့်ရဲ့အချိန်နဲ့ အင်အားဟာ
အကန့်အသတ် ရှိပါတယ် ။
တခြားကိစ္စတွေကို ဦးစားပေးတာ များလွန်းသွားရင်
စိတ်ချမ်းသာမှုအတွက် အချိန်နဲ့အင်အား မကျန်တော့ဘူး။
အသက်တွေကြီးသွားမှ,
ကျန်းမာရေးမကောင်းတော့မှ,
ငါစိတ်ချမ်းသာအောင်
မနေရသေးပါလားလို့ သိရင်
အသိနောက်ကျသွားမယ် ။
ဥာဏ်နည်းတဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာ
ရာထူး အာဏာ ပစ္စည်းဥစ္စာတွေကို
ဦးစားပေးတယ် ။
ဥာဏ်ပညာ ရင့်ကျက်တဲ့သူကတော့
စိတ်ပိုင်းကို ဦးစားပေးတယ် ။
တရားအားထုတ်တယ်ဆိုတာ
ဒုက္ခတွေများလှတဲ့ လောကကြီးထဲမှာ
စိတ်ချမ်းသာအောင်,စိတ်ငြိမ်းချမ်းအောင်, နေနည်းကို လေ့ကျင့်တာပါ ။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
