💡Calorie Deficit သည်သာလျင် ဝိတ်ကျစေမယ့် အဓိက အကြောင်းရာဖြစ်တယ်။
ဒါပေမယ့်…
👉🏾ဒီ ၅ ချက်ကြောင့် အဲ့ဒီ Calorie Deficit ကို ရေရှည်စွဲစွဲမြဲမြဲ မလုပ်နိုင်နေတာပါ။
🗣️“ကျွန်တော်/ကျွန်မတို့က လုပ်ရင်တော့ သေချာလုပ်ရမှ.. မလုပ်ရင်တော့ လုံးဝကို မလုပ်တာ..”
🤦🏾♂️🤦🏾♂️🤦🏾♂️…
အဲ့ဒီ အတွေးခေါ်နဲ့ ဘယ်တော့မှ ရေရှည် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ 💯
⏳စိတ်မရှည်ခြင်း
တပတ် နှစ်ပတ်လောက်လုပ်ပြီး အပြောင်းလဲ မဖြစ်တာနဲ့ ဟိုခုန် ဒီခုန် လေ့ကျင့်ခန်း ပိုလုပ် ဆရာပေါင်းစုံပြောင်း စိတ်ပင်ပမ်း နောက်ဆုံး လက်လျှော့သွားကျတာပါပဲ။
❗️စိတ်မရှည်ရင် ခဏခဏ အစက ပြန်စရလိမ့်မယ်။ ကျေးဇူးပြု၍ ဒီစကားလေး မှတ်ထားပြီး တွေးကြည့်ပါ။ 💯
⏱️ပြီးပြည့်စုံတဲ့ အချိန်ကို စောင့်ခြင်း
ဟိုနေ့စမယ်၊ တနလ်ာနေ့စမယ်၊ နောက်လစမယ်၊ ဒီနှစ်ကုန်စမယ်…
မအားတာကတော့ အမြဲမအားနေမှာပါပဲ။ မအားတဲ့ကြားက တပတ်မှာ နှစ်ရက်၊ သုံးရက်လောက် အချိန်ထုတ်ပေးဖို့ပါပဲ။ 💯
⚖️ ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေကိုပဲ အားကိုးနေခြင်း
မှန်ကန်တဲ့အရာတွေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို သေချာလုပ်နေမယ်ဆိုရင် ခန္ဓာကိုယ် အချိုးစားက မဖြစ်မနေ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ 💯
🍳🍩 Lifestyle တခုလုံးကို တခါတည်း ဗြုံးဆိုင်း ပြောင်းလိုက်ခြင်း၊
အဆိုးဆုံးတွေထဲက တခုပါပဲ။
ကိုယ့်ဘဝတခုလုံး နေထိုင်စားသောက်လာတဲ့ ပုံစံကို အဲ့လို ချက်ချင်း ပြောင်းလိုက်လို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်းဟင်..❓
ဖြည်းဖြည်းချင်းစီ နဲ့ သေးသေးလေးတွေ စပြီးပြောင်းလဲရတာ ပိုပြီးအဆင်မပြေဘူးလားနော်..❓
ကျွန်တော့် Clients တွေထဲက တယောက်ဆိုရင် တရက်ကို ဆိုင်ဖျော်လက်ဘက်ရည် ၃ ခွက်ကနေ ၄ခွက်ထိ သောက်ပါတယ် ☕️☕️☕️
ကျွန်တော်က သူ့ကို
🗣️ “အကိုလက်ဖက်ရည် လုံးဝ ဖြတ်မှ ရမယ်…” လို့ပြောရင် သူဖြတ်နိုင်မယ် ထင်လားဟင်…
👉🏾 အဲ့တော့ ဘယ်လိုလုပ်ခိုင်းလဲဆိုတော့ သူသောက်နေကျအတိုင်း ၃ ခွက်ကနေ ၄ ခွက် သောက်ခိုင်းတယ်။ ဒါပေမယ့် တခါသောက်ရင် လက်သုံးလုံးသောက်တဲ့နေရာမှာ လက်နှစ်လုံးပဲ သောက်ခိုင်းတယ်။
💪🏾 အဲ့ဒီပုံစံနဲ့သွားတာ အခု ၃ လအတွင်းမှာ တရက်ကို တကြိမ်ပဲ သောက်ဖြစ်တော့တယ်။
သူမေးရှာပါတယ် “ဆရာ လက်ဖက်ရည် ဖြတ်လိုက်ရမလားတဲ့..” 🥰
ကျွန်တော်ပြောတယ်.. “ဖြတ်စရာ မလိုပါဘူး အကိုလို့…” 😎
စာရှည်သွားတာ အားနာပါတယ်။ ဒီအထိဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်
ဟိုလေ.. ကျွန်တော်တို့ အားလုံးက Gym စဆော့ပြီဆိုရင် ဟို “New Lifestyle New Habit” ဆိုတဲ့ အတွေးတွေနဲ့ အရမ်းကြီး စိတ်အားတွေထက်သန်ပြီး လာကျတာဆိုတော့ အပေါ်က ၅ ချက်လို အလွဲတွေဖြစ်နေတဲ့အခါ ဘယ်သူမှ ရေရှည် မလုပ်နိုင်ကျဘဲ လက်လျှော့သွားကျတဲ့ သူတွေချည်းဖြစ်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။