ကော်ဖီတွေကို
တရှိုက်မက်မက်
သောက်ခဲ့တဲ့လူတွေကတချို့အခါးတွေကို
လက်မခံနိုင်တာဘာကြောင့်ပါလိမ့်လို့တွေးနေမိတယ်။
လူတွေလက်မခံနိုင်တဲ့ခါးသီးမှုတွေကကော်ဖီထက်စွဲမက်စရာကောင်းခဲ့လို့လား။
သောက်စကချိုမလိုလိုနဲ့
မြိုချလိုက်မှခါးသွားတဲ့အရာတွေကိုပြန်ထွေးမထုတ်နိုင်ခဲ့လို့လဲဖြစ်မှာပါ။
လူတွေသောက်နေကျကော်ဖီတောင်မှတစ်ခါတလေဆားနဲ့သကြားမှားထည့်မိသေးတာပဲ။
ဆားမှန်းသကြားမှန်းခွဲခြားဖို့ခက်တဲ့အရာတွေနဲ့တွေ့တဲ့အခါအမှားပါသွားတာတော့မဆန်းပါဘူး။
ဆားထည့်မိလို့သောက်မရတော့တဲ့ကော်ဖီတွေကိုသွန်ပစ်ခဲ့သလိုဆားနဲ့တူတဲ့အရာတွေကိုပြတ်ပြတ်သားစွန့်ပစ်တတ်ဖို့လဲလိုသေးတယ်လေ။
ဆားထည့်ထားတဲ့ကော်ဖီကိုဘယ်သူကမှကြိတ်မှိတ်ပြီးမမြိုချသလို
ဆားနဲ့တူတဲ့အရာတွေအတွက်လဲကြိတ်မှိတ်ခံစားမနေဖို့ကိုယ့်ကိုယ်ကိုယ်ပြန်ဆုံးမဖို့လဲလိုပါသေးတယ်။☕️
#စာတို