2 w - Translate

လူတချို့က ...
သန်မာလွန်းနေတာ မဟုတ်သလို
ဘာမှ မခံစားတတ်တဲ့အထိ
မာကျောလွန်းနေတာလည်း မဟုတ်ဘူး ။
ငို စရာ တွေအများကြီးထဲမှာ
ပြုံးခွင့်လေး ရှိတာလေးကို
ပိုတန်ဖိုးထားနေကြတာဖြစ်သလို
ပြိုလဲချင်စရာ
အကြောင်းပြချက်တွေ အများကြီးထဲကမှ
ပြိုလဲလို့ မရတဲ့
အရာလေးတစ်ခုကို ဖက်တွယ်ထားရင်းက
ဆက်ပြီး ရပ်နေကြရုံလောက်ပါပဲ ။
တကယ်တမ်းကျတော့ ...
ပြိုလဲခွင့်မရှိတဲ့ သူတွေဟာ
အမာကျောဆုံး မဟုတ်ဘူး ။
သူတို့မှာလည်း နာကျင်မှု ရှိတယ်
သူတို့မှာလည်း မျက်ရည်ရှိတယ်
ဒါပေမယ့် ...
ဒီအတိုင်းပဲ ရပ်နေကြတာ ...
ပြိုလဲစရာတွေကြားထဲက
မပြိုလဲအောင် ရပ်နေကြတာ ။
#စာတို