2 w - Translate

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ US Army ကနေ OpenAI က အကြီးပိုင်းနည်းပညာရှင်တစ်ယောက်ကို စစ်တပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖို့ အမိန့်ပေးခဲ့တဲ့သတင်းကို မှတ်မိကြဦးမှာပါ။ အမေရိကန်စစ်တပ်နဲ့ OpneAI တို့ရဲ့ ဆက်နွှယ်မှုက ဒါတင်မပြီးသေးဘူး။ ပိုပြီးတော့ ထဲထဲဝင်ဝင် ရောက်လာတယ်ပဲ ပြောရမလား။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ စစ်တပ်သုံး AI နည်းပညာအတွက် OpenAI ကို ရင်းနှီးမြုပ်နှံမှုပုံစံအနေနဲ့ ဒေါ်လာ သန်း 200 စာချုပ်ပုံစံ ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်က ၁ နှစ်စာချုပ်ပါပဲ။
စာချုပ်အရဆိုရင် OpenAI ဟာ အမေရိကန်စစ်တပ်အတွက် အရေးကြီးတဲ့ အမျိုးသားလုံခြုံမှု စိန်ခေါ်မှုအပိုင်းတွေမှာ နောက်ဆုံးပေါ် AI နည်းပညာအမြင့်ပိုင်းတွေနဲ့ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် နိုင်ငံရဲ့ လုံခြုံရေးပိုင်းတွေကို တိုက်ခိုက်မှုတွေရှိလာခဲ့ရင် AI နဲ့ ဖြေရှင်းချင်တာမျိုးလို့ပဲ ဆိုရမလား။
စာချုပ်ပါ လုပ်ငန်းစဉ်ကို ဝါရှင်တန်နဲ့ အနီးတစ်ဝိုက်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး 2026 ဇူလှိုင်မှာတော့ စာချုပ်သက်တမ်းပြီးဆုံးမယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက ဒီစာချုပ်ကို OpenAI ကိုမှ အရင်ချုပ်လာတာမဟုတ်ပါဘူး။ မနှစ်က Anduril ကုမ္ပဏီနဲ့အရင်ချုပ်ဆိုခဲ့တာပါ။ ဆိုတော့ OpenAI က Anduril နဲ့ပါ အတူပူးပေါင်းရမှာပါ။ Anduril ကလည်း AI နည်းပညာနဲ့ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်အခြေစိုက် ကာကွယ်ရေးနည်းပညာကုမ္ပဏီအဖြစ် လူသိများပါတယ်။
ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲလား အခြားနိုင်ငံတွေအတွက်လားဆိုတာတော့ Trump နဲ့ US Army ပဲ သိပါလိမ့်မယ် (OpenAI အပါအဝင်ပေါ့) ။ စစ်ရေးနယ်ပယ်တွေမှာပါ AI နည်းပညာက ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရေးပါလာတာက အံ့ဩရမယ့် အခြေအနေတော့ မဟုတ်တော့ပါဘူး။ စောင့်ကြည့်ရမယ့် အခြေအနေပဲဖြစ်နေပါပြီ...

image