June လထဲမှာ zodiac sign တွေအနေနဲ့ ဘာကိုသတိထားရမယ် focus ထားရမယ်ဆိုတာကို ဆက်ပြောပြပေးသွားပါ့မယ်နော်။
Leo ♌ - Leo တွေအနေနဲ့ကတော့ June လက healing ပြန်လုပ်ဖို့၊ စိတ်ပိုင်းဆိုင်ရာတွေကို ပိုအာရုံစိုက်သင့်တဲ့ လမျိုးပါ။
ကိုယ်က အခုအချိန်မှာ နာကျင်စရာတွေ၊ karmic pattern တွေနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်စရာဟောင်းတွေကို ပြန်ကြုံတွေ့ ခံစားရတတ်ပါတယ်။
တချို့အရာတွေမှာ အရမ်းလောပြီး လုပ်နေတတ်တာကြောင့် အရှိန်ကို ပြန်ထိန်းပါ။
အနားယူဖို့၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားဖို့၊ spiritual နဲ့ပက်သက်တာတွေ လုပ်ဖို့အကောင်းဆုံးအချိန်ပါ။
ဒီကာလမှာ ဘယ်သူတွေက ကိုယ့်အပေါ်ကောင်းတယ်၊ ဘယ်သူတွေက ကိုယ့် energy တွေကို ဆုတ်ယုတ်စေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမယ့် လမျိုးဖြစ်ပါတယ်။
ကိုယ့်စိတ်ကို ဖွင့်ထုတ်ပေးပြီးတော့ လက်လွှတ်သင့်တာကို လက်လွှတ်ပေးပါ။
Virgo ♍ - virgo တွေအနေနဲ့ကတော့ June လက သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးတွေနဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေမှာ ပိုအာရုံစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။
ဒီလမှာ အရင်ထက်ပိုပြီး အိမ်မက်ကြီးကြီးတွေ မက်တာ၊ ကိုယ့်မျှော်လင့်ချက်တွေကို ပိုမြင့်မြင့်ထားတာမျိုး ဖြစ်လာမယ့်ကာလဖြစ်ပါတယ်။
ကိုယ့်တိုးတက်မှုကို အထောက်အကူပြုမယ့် လူတွေနဲ့ ပိုဆက်သွယ်ပါ။
ကိုယ့်ကို အကျိုးလိုလို့ ညောင်ရေလာသွန်းတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ပါ။
လူတွေအများကြီးနဲ့ စုလုပ်တာတွေကနေ ကိုယ့်အတွက် အကျိူးအမြတ်တွေအများကြီး ရနိုင်မယ့်လဖြစ်ပါတယ်။
ကိုယ့်ရဲ့ circle ကို ပိုကျယ်ပြန့်အောင်လုပ်ပါ။
လုံးဝပြီးပြည့်စုံနေတာမျိုးထက် အဆက်အသွယ်ပိုလုပ်ပြီး ကိစ္စတွေကို ဆောင်ရွက်ပါ။
Libra ♎ - Libra တွေကတော့ ဒီလမှာ အလုပ်အကိုင်ပိုင်းဆိုင်ရာ တိုးတက်ဖို့၊ visibility ပိုကောင်းဖို့နဲ့ ကိုယ့်အပေါ် သူများတွေရဲ့ အမြင်တွေကို အာရုံစိုက်ရမယ့် ကာလပါ။
အလုပ်အကိုင်နဲ့ ပက်သက်ရင် တိုးတက်လာဖို့ရှိပြီးတော့ ပိုမြင့်တဲ့ခေါင်းဆောင်နိုင်မှုတစ်ခုကို သွားနိုင်ဖို့ ရှိပါတယ်။
ရှုံးနိမ့်မှာကြောက်တာတွေ၊ ဝေဖန်ခံရမှာကြောက်တာတွေကို ဖြတ်ကျော်ပြီး လမ်းစအတွက် တွန်းအားအဖြစ်ပြောင်းပါ။
ဘာကိုမှ guilty ဖြစ်မနေပဲ ကိုယ့်အိမ်မက်တွေအတွက် ကြိုးစားပါ။
ထက်မြက်ဖို့နဲ့ လှပတာကြား မရွေးချယ်ပဲ လမ်းကြောင်းကို သေချာလျှောက်ပါ။
Scorpio ♏ - ဒီလမှာတော့ စကော်တွေအနေနဲ့ ပညာရေးပိုင်းဆိုင်ရာတွေ၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေအပေါ် ပိုအာရုံစိုက်ရမယ့်လဖြစ်ပါတယ်။
ကိုယ့်အတွက် ခရီးသွားဖို့အတွက်၊ ပိုမြင့်တဲ့ ပညာရေးတွေအတွက်၊ spiritual learning အတွက် နယ်ပယ်အသစ်တွေကို ရှာတွေ့နိုင်မယ့် ကာလပါ။
ဒါပေမယ့် ဒီကာလမှာ မိသားစုပြဿနာအဟောင်းတွေ၊ အကြောက်တရားတွေ ပြန်ပေါ်လာတတ်ပြီး ရင်ဆိုင်လိုက်ဖို့ လိုအပ်ပါတယ်။
ကိုယ့်အိမ်မက်တွေနောက်ကို မပြတ်လိုက်ပါ။
ကိုယ်မသိတဲ့အရာတွေကနေ ကိုယ့်တိုးတက်မှုအတွက် အထောက်အပံ့ရနိုင်ပါတယ်။
