လူတွေရဲ့စိတ်နှလုံးကို သိမ်းပိုက်လွှမ်းမိုးနိုင်စေဖို့..
နိုင်ငံတကာမှာ သန်းပေါင်းများစွာ ရောင်းချပြီး နာမည်ကျော်စည်းရုံးရေးနဲ့လွှမ်းမိုးမှုရေးပညာရှင် Dr. Robert Cialdini ရဲ့ ကမ္ဘာကျော် "Influence: Science and Practice" စာအုပ်ကို ယခု "သြဇာတိက္ကမ" အမည်နဲ့ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။
ဒီစာအုပ်ကို အနှစ် ၄၀ ကျော်က လူပေါင်းများစွာ ဖတ်ရှုခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေပေါင်း ခုနှစ်သန်းကျော် ရောင်းခဲ့တယ်။ Business Week စာရင်းမှာ အကောင်းဆုံး စီးပွားရေး စာအုပ် ၇၅ အုပ်ထဲမှာ ပါဝင်ခဲ့တယ်။
ဒီစာအုပ်ကို ဖတ်ရင် ဘာအကျိုးကျေးဇူးရရှိမှာလဲ?
သင်က ဈေးရောင်းတဲ့ နယ်ပယ်ကဆိုရင် - Customer တွေရဲ့စိတ်နှလုံးကို ဘယ်လိုသိမ်းကျုံးယူရမလဲ။ ဘယ်လို ချဉ်းကပ်မှ ရောင်းအားတွေတိုးတက်မလဲ ဆိုတာတွေကို သိသာစွာ နားလည်လာမှာပါ။
သင်က စီးပွားရေးလုပ်ငန်းရှင်၊ ဦးဆောင်သူတစ်ယောက်ဆိုရင် - ဝန်ထမ်းတွေနဲ့ ညှိနှိုင်းဖို့၊ ဆုံးဖြတ်ချက်တွေ ချဖို့၊ ကိုယ့်ရဲ့နောက်လိုက်တွေကို ဦးဆောင်ဖို့ လိုအပ်တဲ့ လွှမ်းမိုးနိုင်မှုစွမ်းရည်တွေကို ရရှိလာမှာပါ။
သင်က သာမန်လူတစ်ယောက်ဆိုရင် - နေ့စဥ်ဘဝမှာ တခြားသူတွေ ကိုယ့်အပေါ် လူလည်မကျစေဖို့နဲ့၊ မိမိဖြစ်ချင်တဲ့ဆန္ဒအတိုင်း တခြားသူတွေအပေါ် လွှမ်းမိုးနိုင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာတွေ သိလာလိမ့်မယ်။
ဒီစာအုပ်ရဲ့ အဓိကသြဇာပညာ (၆)ရပ်ကတော့
၁။ အပြန်အလှန်မူဝါဒ (Reciprocity)
"သူက ကိုယ့်ကို ကောင်းတာလုပ်ပေးတယ်၊ ကိုယ်လည်း ပြန်လုပ်ပေးရမယ်" ဆိုတဲ့ သဘောထား
၂။ တသမတ်တည်းမူဝါဒ (Consistency)
"ကိုယ်ပြောထားတာနဲ့ ကိုက်ညီအောင် လုပ်ရမယ်" ဆိုတဲ့ စိတ်ထား
၃။ လူမှုအသိအမှတ်ပြုမူဝါဒ (Social Proof)
"လူအများက လုပ်နေတယ်ဆိုရင် ကောင်းမှာပေါ့" ဆိုတဲ့ စဉ်းစားမှု
၄။ နှစ်သက်မှုမူဝါဒ (Liking)
"ကိုယ်ကြိုက်တဲ့သူ ပြောတာဆို နားထောင်မယ်" ဆိုတဲ့ သဘောထား
၅။ အခွင့်အာဏာမူဝါဒ (Authority)
"ကျွမ်းကျင်သူ၊ အာဏာပိုင် ပြောတာဆို မှန်မှာပေါ့" ဆိုတဲ့ ယုံကြည်ချက်
၆။ ရှားပါးမှုမူဝါဒ (Scarcity)
"ရှားတယ်ဆိုရင် တန်ဖိုးရှိမယ်၊ မရတာဆို ပိုလိုချင်တယ်" ဆိုတဲ့ စိတ်ထား
ဒီနည်းလမ်းတွေကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေ၊ နိုင်ငံရေးသမားတွေ၊ အရောင်းကျွမ်းကျင်သူတွေက နေ့တိုင်း အသုံးပြုနေကြတာပါ။ Apple, Amazon, Coca-Cola စတဲ့ ကုမ္ပဏီကြီးတွေရဲ့ မားကတ်တင်းနည်းလမ်းတွေထဲမှာ ဒီသြဇာပညာတွေကို ရှာတွေ့နိုင်မှာပါ။
စီးပွားရေးလုပ်ငန်းရှင်များ၊ အရောင်းကိုယ်စားလှယ်များ၊ ခေါင်းဆောင်များနဲ့ ဘဝမှာ အောင်မြင်ချင်သူ မည်သူမဆို ဖတ်ရှုသင့်သော စာအုပ်ဖြစ်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်တဲ့ ဗဟုသုတတွေ ပါဝင်ပါတယ်။
ဘာလို့လဲဆိုတော့ လူသားအားလုံးဟာ နေ့စဉ်"သြဇာခံယူခြင်းနဲ့ သြဇာပေးခြင်း"ဆိုတဲ့ ဒီနှစ်မျိုးလုံးကို မသိမသာ လုပ်ကိုလုပ်နေရတာကြောင့်ပါပဲ။
"လူ့စိတ်ပညာရဲ့ ဩဇာလွှမ်းမိုးခြင်းသဘောတရားကို နားလည်ထားသူဟာ ဘဝမှာ အမြဲတမ်းအသာစီးရနေမှာပါ.."
#ဩဇာတိက္ကမ
#teamnyana

image